Breaking News

သီအိုဇော် - ၁.၂.၂၀၂၃


သီအိုဇော် - ၁.၂.၂၀၂၃

(မိုးမခ) ဖေဖော်ဝါရီ  ၂ ၊ ၂၀၂၃


နာကျင်တုန်း ညံ’

နာကျည်းတော့ တိတ်’

မုန်းတီးစိတ် အတိမ်အနက်ကြည့်ပြီး

ချောက်ချားသွေးပျက်ကြပေတော့။


‘သာမန်အခြေအနေမဟုတ်’တဲ့လား

အခုလည်း

သာမန် အရူးမီးဝိုင်း’ခံရတာမျိုးမဟုတ်

အလျှံညီးညီး အမုန်းမီးများနဲ့

အာဏာရူးတွေ

ရုန်းပြေးစရာ မြေမကျန်အောင်

တပြည်လုံး စုစုစည်းစည်း

ဝိုင်းပြီးတားဆီးကြတဲ့နေ့

ဘယ်မြေဒေသ ဘယ်ကာလမှာမှ

မရှိခဲ့ဖူးတဲ့ရက်မျိုး

အမုန်းရေကာတာ ဟက်တက်ကျိုးကျသွားတဲ့နေ့။


ဒွိဟဖြစ်သူ

စောကြောကြချင်သူများအတွက်

စစ်ရာဇဝတ်သားတွေကို

တိတ်ဆိတ်စွာ တရားစီရင်ပြ

‘ဘယ်သူကနိုင်နေသလဲ’ဆိုတာ

အသံမဲ့ဖီဆန်ကြပြီး

ကမ္ဘာမြေ တုန်ဟည်းရိုက်ခတ်

သက်သေထပ်ပြလိုက်ကြတဲ့နေ့။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar