Breaking News

ခိုင်မာကျော်ဇော - ဖေဖော်ဝါရီမှတ်တမ်း

ဖေဖော်ဝါရီမှတ်တမ်း
ခိုင်မာကျော်ဇော
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၂၃

လမ်းတွေပေါ်မှာ
ခွေးလေခွေးလွင့်
တကောင်စ နှစ်ကောင်စကလွဲလို့။

မြို့တွေဟာ
နေ့ခင်းကြောင်တောင်
အိပ်မောကျနေကြ။

လူသားစစ်စစ်များကား
အိမ်တွေထဲမှာ
အသိ သတိ နဲ့ ပကတိငြိမ်။

အစာနင်နေတဲ့
ကျီးမည်းကြီးတကောင်သာ
ဆန့်ငင် ဆန့်ငင်နဲ့။

ဖေဖော်ဝါရီ ၂၊ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar