Breaking News

မမသီရိ (Blogger)၊ နွေဦး - နွေဦး တော်လှန်ရေး ၂ နှစ်မြောက် ကဗျာများ

တော်လှန်တေး ယီး လေး လေ့ ယို
မမသီရိ (Blogger)

သူကတော့ ခွဲချလိုက်တာပဲ
ဟန်မဆောင် နိုင်တော့တဲ့အဆုံး
အတောမသတ်နိုင်တဲ့ 
သူ့ မတော်လောဘတွေ ..
ပြန့်ကျဲ ကျသွားလိုက်တာ
မီးတောင်ချော်ရည်ပူများ
သူ့ မောဟတို့ လောင်မီးကျရာ
အလုံးစုံဟာ ပြာကျ
ဘဝတွေ ဟိုတစ ဒီတစ
အသက်ဇီဝများစွာ 
စကြာဝဠာ ထဲလွင့်စင် ပြန်မရ
အရာရာ 
အကောင်းအတိုင်း ပြန်ဖြစ်မဲ့ 
အေးမြ မိုးရေစက် တွေ ရဲ့ 
မုတ်သုန်ရာသီ ရှိနေတာ ဥဿုံသေချာလျက်
မိုးအကြို အရောက်လာမယ့် နွေဦးဟာ
ရောက်ခဲ လှချည့် လား
အားစိုက်ပြီး ထပ်ဆွဲလိုက်ကြစို့ရဲ့ ပြိုင်တူ
ယီး လေး လေ့ ယို
ယီး လေ့ လေး ယို 
တော်လှန်တေး တို့ သံပြိုင်ဆို 
ယီး လေး လေ့ ယို
ပြည်သူ့ ခေတ်ကို ပြည်သူ ကြို
ယီး လေး လေ့ ယို..၊၊


၃၁ ဇန်နဝါရီ ၂၀၂၃

-

နွားရိုင်းသွင်းချိန်
နွေဦး

ခေတ်က နွာရိုင်းသွင်းချိန်လိုပ
ညနေနေရီရီ မှောင် စတိုးဝှေ့
ရွာလယ် လမ်း မထက်
ဖုန်တသောသော နဲ့ 
သားပျောက်ရှာတဲ့
ခေတ်သစ် မဒီဒေဝီတွေရဲ့ ဘဝ 
ဘယ်တော့အဆုံးသတ်မှာလဲ 
၂၀၂၁
၂၀၂၂
၂၀၂၃
သားသမီးပျောက် ရှာတဲ့
မိခင်တွေ  အင်းစိန်ထောင်ရှေ့မှာ
မီုးမခပင်တွေအောက်
တောင်ပြာတန်းတွေထဲ
မြို့ပြ ပြာစိမ်းလဲ့ 
မာကျူရီမီးရောင်အောက်
မီးခိုးငွေ့တွေ အူနေတဲ့ 
ရွာလယ် မီးလောင်ပြင်ထဲ
ဒုက္ခ မျက်ရည်စ နဲ့
သူမတို့ ရင်ထဲ
ဘဝဂ်ညံ ဗလောင်ဆူ
တချို့...
ကိုယ့်ရင်သွေးရုပ်အလောင်းဘေး
ဖြေမဆယ်နိုင် ရေဆိုင်ဝဲ လို
 ငိုရင်း စကား ပြောရင်း
အသံတွေတိမ် မေ့မျော သွား
အဲဒီအမေတွေကို
ကျုပ်တို့ လူ့အဖွဲ့အစည်း က
 ဖြေသိမ့်ပေးစရာ
စကားလုံး မရှိ
ဒါပေသိ
ကျုပ် ရင်ထဲ
အနာဂတ်မျှော်လင့်ခြင်းပန်းတွေ
ငွားငွားစွင့်စွင့် ပွင့်လို့
ဗန်ဆင့်ဘင်ဂိုးရဲ့ နေကြာပန်းလို
စုတ်ချက်ကတော့ ကြမ်းချက်
GZ တို့ရေ
 မင်းတို့ခေတ်က 
ရှောင် ကိုဗေး ၊ အက်ဒဝပ်ဒီဘိုနိုး ခေတ်ကွဲ့
မင်းတို့ဟာ ရှောင်ကိုဗေးနဲ့ သူငယ်ချင်း
မင်းတို့ဟာ ဒီဘိုနိုးနဲ့ ငယ်ကျွမ်း 
ဒီဘိုနိုး ရဲ့ Mission စိတ်ဓာတ် မင်းတို့မှာရှိတယ်
ပန်းတိုင်
သန္နိဋ္ဌာန်
လက်တွေ့လုပ်ဆောင်ချက်
မစ်ရှင်စိတ်ဓာတ်
ဟုတ်တယ်ဗျို့
လောကသစ္စာဆိုတာ
 လူအများအကျိုးစီးပွာပေါ်တည်သဗျ
လူအန္ဓတစ်စု
 အကျိုးစီးပွားအတွက် မဟုတ်ဘူး 
လောကအမှန်တရား
ဘယ်တော့ မှ မမှားဘူး
GZ တို့ စစ်ချီနေတယ်
မောင်းပြန်သေနတ်မပါဘူး
သူတို့ဟာ
နားကပ် ပန်ကောင်းပန်ထားမယ်
ဆံပင်ရှည် ကောင်းရှည်မယ်
သူတို့ ဂျင်းပင်ဝတ် 
ဂျာကင်ဝတ် 
ကျောပိုးအိတ်လွယ်
ဘွတ်ဖိနပ်နဲ့
ဖိုက်ဘာဦးထုပ်ဆောင်း ငွေစအချို့ 
နှေင်ကြိုးမဲ့ရေတစ်ဗူးရယ်
သေရဲတယ် ဟေ့
အဖမ်းခံရမှာ မကြောက်ဘူးဟေ့
ငါတို့ မြေပေါ် အဓ္ဓမတရား မထွန်း ကားစေရဘူးဟေ့
ငါတို့အားလုံးဟာ 
ဒေါ်အောင်ဆန်းစုကြည်တွေဖြစ်တယ်
ငါတို့အားလုံးက သမ္မတကြီး ဖြစ်တယ်
ငါတို့မှာ မွေးရာပါ အခွင့်အရေးတွေရှိတယ်
ငါတို့မှာ အနာဂတ် ရှိတယ်။
ကတ္တရာ လမ်းမထက်
 အော်ကြဟစ်ကြ
သံပြိုင်သီဖွဲ့ကြ
သူတို့ တံတားပေါ်မှာ 
သူတို့
 တောရော မြို့ပါ ချီတက် ကြ
သူတို့ ပန်းတိုင်ကိုချီတက်ကြတဲ့ 
လမ်းတိုင်းဟာ ပန်းခင်းလမ်းမဟုတ်ဘူး
ကျည်ဆံ မိုးတွေ ရွာနေတယ်
လက်နက်ကြီးမီုးတွေရွာနေတယ်
မီးခိုးဗုံးတွေ တအုန်းအုန်း
ထောင်နံရံတွေကို ခေါင်း နဲ့တိုက်
သံဗုံးတီးသံကြား 
ဖက်ဆစ်တပ် မောင်းထုတ်တေးသွားတွေသီဖွဲ့
ခရောင်းလမ်းမထက်
မထုံမဆိုင်း 
မယိမ်မလဲ 
သူတို့ ပန်းတိုင် ကိုချီတက်နေကြတယ်
သူတို့ ရဲ့
ပိုင်းဖြတ်ချက်သန္နိဋ္ဌာန်က
ကမ္ဘာကြီးကို တုန်လှုပ်စေတယ်
သူတို့လည်တိုင်မှာ ဆွဲထားတာ
ကြေးစားစစ်သားတစ်ယောက် ရဲ့ 
ကိုယ်ပိုင်နံပတ် မဟုတ်ဘူး
B သွေး
AB သွေး
O သွေး
အသက်ကို ကယ်မရရင် မကယ်နဲ့
ဆေးရုံလှုူလိုက်
သူတို့ ရဲ့ Personal Mission Statement
ကိုဖတ်ပြီး
ကမ္ဘာ လူသားထုတစ်ရပ်လုံး ငိုကြွေးကြတယ်။
မစ်ရှင်စိတ်ဓာတ်မဲ့
စစ်အာဏာရှင်တွေ တုန်လှုပ်နေကြပြီ
အမှားတွေကိုထပ်ခါထပ်ခါ 
လူအဖွဲ့အစည်းပေါ် သွန်းချ
ဟေ့
တရားတဲ့သူသာ နိုင်ကြေးဟေ့
စစ်အာဏာရှင်စံနစ် ကျရှုံးရမည်။

၁.၂.၂၃
* ၂ နှစ်ပြည့်နွေးဦးတော်လှန်ရေးကိုဂုဏ်ပြုပါတယ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar