Breaking News

နေချိုသွေး - မစ္စတာလူပါး‌ အတွေးအမြင်နဲ့ တောကြက်တော်လှန်ရေး

မစ္စတာလူပါး‌ အတွေးအမြင်နဲ့  တောကြက်တော်လှန်ရေး 
နေချိုသွေး
(မိုးမခ) မတ် ၁၇၊ ၂၀၂၃

မစ္စတာလူပါး “...ရောင်နီ လာတော့မယ်။ ရောင်နီ လာတော့မယ်။
သာလိကာလေးဟာ သူ့သခင် သင်ပေးထားတဲ့ စကားကိုသာ တနေကုန် အော်ရရှာတယ်။ ရောင်နီ လာတော့မယ်...။ သူ့သခင်က ဝီစကီတလုံးနဲ့ မြေပဲဆားလှော် ဝါးလို့။ သာလိကာလေးမှာ လှောင်အိမ်ထဲမှာ ရေတခွက်ရယ် အနီရောင်ခရမ်းချဥ်းသီး အကွဲအပြဲရယ်၊ သူ.ခမြာ သခင် စေခိုင်းသလို ရောင်နီလာတော့မယ်လို့သာ အော်ရရှာတယ်။
သူ ပင်ပန်းနေပြီ။ အော်ရတာကို စိတ်ကုန်နေပြီ။ ရောင်နီက မလာသေးဘူးလား ဘယ်မှာ သေနေတာလဲ။ လှောင်အိမ်က ကျဥ်းတယ် အနီရောင်ခရမ်းချဥ်သီးက ပုပ်တော့မယ်။ သူက ပျံသန်းချင်တယ်။
ငြီးငွေ့ စိတ်ကုန်နေပြီ။ ရေခွက်ကို မှောက်ပစ်လိုက်တယ်။
ပုပ်နေတဲ့ အနီရောင် ခရမ်းချဥ်သီးကို ဒေါသနဲ့ ထိုးဆိတ်နေတယ်။
အောက်ကကြမ်းပြင်ပေါ် ရေတစက်စက်ကျလို့...။”
........
.....
အထက်ပါအကြောင်းအရာနဲ့ မစ္စတာလူပါး ပိတ်နေတဲ့အတွေးနဲ့ မြင်မလိုနဲ့ ကန်းနေတဲ့ သူ့အမြင်ကိုဖွင့်ချလာတယ်။
စာသား နိမိတ်ပုံဆိုလိုရင်းကို တွေးခေါ် ဖြန့်ကြက်ကြည့်လိုက်ရင် ခင်ဗျားက သာလိကာနေရာမှာ ဆိုပါစို့...။
သင်ထားတဲ့အတိုင်း ရောင်နီလာတော့မယ်အော်နေပြီး ‌‌‌‌‌‌‌‌‌‌‌‌‌လှောင်အိမ်ဖွင့်ပေးသူကိုပဲမျှော်နေမယ့်အစား သာလိကာအနေနဲ့ လွတ်မြောက်ရာ ရရာရကြောင်း လွတ်ရာလွတ်ကြောင်း နည်းလမ်းကိုရှာရင်း ပြုမူအားထုတ်နေဖို့ ပို မလိုအပ်ဘူးလား။
မစ္စတာလူပါးကို ဥပမာတခုထုတ်ပြရရင် အချုပ်အနှောင်ကင်းကင်းနဲ့ လွတ်လပ်စွာပြုမူရှင်သန်ဖို့အတွက်ဆို တောကြက်တွေလိုပြုမူသင့်တယ်။တောကြက်တွေကို ထောင်ဖမ်းပြီး လှောင်အိမ်ထဲထည့် သူကြိုက်တတ်တဲ့အစာကောင်းကောင်းနဲ့ မြူဆွယ်ပြီး ဘယ်လောက်ထည့်ထားထား အဲ့ဒီလှောင်အိမ်ထဲကလွတ်မြောက်အောင် အချိန်ပြည့် လှုပ်ရှားကြိုးစားနေတတ်တယ်။ လှောင်အိမ်ထဲတော့ ငြိမ်ကုပ်မနေပဲ လွတ်အောင်ရုန်းရင်း လွတ်ရင်လဲလွတ် မလွတ်ရင်လဲ နောက်ဆုံးထွက်သက်အထိဆိုပါတော့....
မစ္စတာလူပါးအနေနဲ့ သာလိကာမဖြစ်ပဲ တောကြက်ထုံး နှလုံးမူပြီး ပြုမူ သင့်တယ်လို့ကောမထင်ဘူးလား။
ခင်ဗျားက သာလိကာလား...။ ဝီစကီတလုံးနဲ့ မြေပဲဆားလှော်အစားမပြတ်သူလား...။
ဝီစကီနဲ့ မြေပဲလှော်စားနေတဲ့ ကောင်တွေကိုတော့ သခင်နေရာကနေ ကျွန်နေရာပြန်ရောက်အောင် ပိုဆောင်ပစ်ရမယ့် အရေးနဲ့ သာလိကာပဲဖြစ်ဖြစ် တောကြက်ပဲဖြစ်ဖြစ် လှောင်အိမ်ထဲဖမ်းထည့်ချင်တဲ့ကောင်တွေကို တွေ့
နေရာမှာ မသာအလောင်းဖြစ်အောင် ပြုမူလုပ်ဆောင်ပစ်ရမယ့်အရေးမှာ မစ္စတာလူပါးလို လူတွေအပါအဝင်ခင်ဗျားတို့ကိုယ်တိုင် တထောင့်တနေရာကနေပါဝင်လုပ်ဆောင်ကြဖို့ ပိုလိုအပ်ကြောင်း...။။

နေချိုသွေ
15.3.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar