Breaking News

နေသွင်နိုင်း - ပန်းများ

ပန်းများ
နေသွင်နိုင်း
(မိုးမခ) မတ် ၂၆၊ ၂၀၂

ကမ္ဘာမြေပေါ်
ပန်းတွေ မပွင့်ဘူး
ဘယ်သူပြောလဲ
ဟော့ဒီမှာ
မသေပန်းများ။
ကမ္ဘာမြေပေါ်
ပန်းတွေ ပွင့်တယ်
ဘယ်သူပြောလဲ
ဟော့ဒီမှာ 
သေပန်းများ။
သေပန်းများ
ဟော့ဒီမှာ
ဘယ်သူပြောလဲ
ပန်းတွေပွင့်တယ်
ကမ္ဘာမြေပေါ်။ 
မသေပန်းများ
ဟော့ဒီမှာ
ဘယ်သူပြောလဲ
ပန်းတွေ မပွင့်ဘူး။

မတ် ၂၁ ၊၂၀၂၃
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar