Breaking News

သောကြာကြယ်မင်း လကိုခွင်း မင်းအောင်လှိုင်ဂန့် ဆန့်ပေအံ့


သောကြာကြယ်မင်း လကိုခွင်း မင်းအောင်လှိုင်ဂန့် ဆန့်ပေအံ့

(မိုးမခ) မတ် ၂၅ ၊ ၂၀၂၃


သိတယ်ဟုတ်၊ မအလကို မုံရွာက မိုင်းကျွေးတာ မသာဖြစ်လုနီးတွားတာ။ မညက လကိုသောကြာ ဖောက်တာဟာ ပီဒက်မိုင်းဗျင်း စကြာဝတေးမင်းမနေသာ ပဏ္ဌုကမ္ဗလာ ကျောက်ဖျာတင်းလာလို့ အဲဒီမိုင်းကျွေး ပီဒက်လေးဒေကို စကြာဝတေးအုပ်ကြီးက လနဲ့ သောကြာကြယ်တွေကို လွှတ်ပီး ဂါခိုင်းဒါ။ အဲဒါဂို သောကြာကြယ်ကြီး လနဲ့နီး သောက်မီးနေ့တိုင်းပျက်လတ္တံ့ဒေ ဘာဒေကောက်နေကြတာ။ သောက်မီးဂ လမထွက်လဲ ပျက်မာ။

ဒါဂ မအလကို ‌အကြောက်တရားနဲ့ ဖြတ်ဖောက်ချုပ်လုပ်ပေးလိုက်တာ။ 

ကိုယ့်အသက်အတွက်စိုးရိမ်ထိတ်လန့်မှုမှသည် သားဘီးလူး သမီးယက္ခ မယားသဘက်မ မြေးအထီးအမတွေအတွက် ငိုကျွေးရတာဒေဘာ လာဒေါ့မျယ်။ ဒင်းတို့ဖျက်ထားသမျှတပြည်လုံးပြန်တည်လို့ရမယ့် တိုင်းပြည်ကဓမြတိုက်ထားတဲ့ စည်းစိမ်ဥစ္စာ အသပြာဒေါ်လာတွေအတွက် ပူပန်ကြောင့်ကြနေရတာဒေ၊ တဖြည်းဖြည်းနဲ့ သွေးပျက်ရင်း အသက်ထွက်ရဘို့ဒေ စဉ်တိုက်ဆက်တိုက် လာဒေါ့မျယ်။

ဟောအခု မင်းတေဇညွှန့်တင်ကို ကင်တွားဘီ။ ဖင်ယားသည်၌ ဆေးမရှိ။ ကိုယ့်အလှူတောင် ကိုယ်ရေစက်မချလိုက်ရ။ တော့ချာစဘီ။ ဗော့ဒကာမဟုတ်၊ ဒါ အညာ ထန်းအရက်။ ခရိုနီဒေ လော်ဘီဒေဘာ ပြာဘီ။ မလုံခြုံမှုဒေနက် လွှမ်းခြုံပေးလိုက်ပီ။ နိုင်ငံဂို အမွေဆိုင်ရထားတဲ့ပစ္စည်းလို့သတ်မှတ်ထားဒါတွေ ပီးတွားဘီ။ နိုင်ငံဒေါ်ဆိုတာ ငါဒို့ဘာခွာဆိုဒဲ့ မိစ္ဆာဒိဌိအယူလဲ ကွာစပြုဘီ။ တပ်ပိုင်ဆိုဒဲ့စောက်ပေါဇာတ်လမ်းတွေ တခန်းရပ်ရတော့မည်။ တဖြည်းဖြည်းနဲ့ တပ်နဲ့ အပေါင်းပါဒေဟာ ခြေတဖဝါးစာ ချဖို့ပါ ခက်လာဒေါ့မည်။

တရက်တရက် ထွက်သွားဒဲ့စစ်သားအသက်ဒေအတွက်ရော၊ အရပ်သားအသက်ဒေအတွက်ရော ဒင်းဒို့မိသားစုဒေ ပြန်ပေးရမယ်၊ လွယ်လွယ်နက် အရူးကွက်နင်းပီး လစ်သွားလို့မရနိုင်ဒေါ့။ သူစောက်ရူးထပီးမှ ပူတင်က စောက်ရူးထလိုက်တော့ သရေကြိုးမအလ ပြေးလမ်းပါပိတ်ရော။ ကျဆုံးချိန်တန်လာရင် ဒါမျိုးတွေက ကျကျနန အတွဲလိုက်လာတာ။ လူတကာသံပြားနဲ့လုပ်တဲ့တာဝါတိုင်ဂို သူ့ကျမှ သံပိုက်လုံးအကောင်းစားနဲ့ ပြည်လုံးအနှံ့ဖြန့်လိုက်တယ်လေ။ အာဏာလဲသိမ်းရော အဲဒါဒေဂ သူ့ဖင်ပြန်ဆော်ဒဲ့လက်နက်ကြီးဒေဖြစ်ကုန်ရော။ သူ့တပ်တေအကုန်လုံး မိုင်တဲမမနဲ့ချည်းအကျုံးခံရဒါ။ သူသေရင် ကဒါဖီယောက်ဖ မအလဘွဲ့နဲ့ မိုင်တဲ ပြောင်းကြည့်ခံရမှာ သေချာ။ အသဲရော အူရော နာစရာကောင်းချက်။

အိုင်တီခေတ်မှန်းမသိ၊ ပိုင်ဘီဆို ကစ်တာ၊ တပ်တခုလုံး ကြိုးစက်ချ သေခိုင်းသလိုဖြစ်ကရော။ နောင်တခေတ်ရဲ့ အောင်စစ်သည်ကနေ စစ်ခွေးဖြစ်ကရော။ ပြည်သူ့စစ်သား ဇာနည်ဖွားကနေ ခွေးသားဖစ်ရော။ အဲဒါ ပြည်သူကို ခေါင်းပြစ်လို့ ခေတ်ပြောင်းသွားဒါလေ။ စစ်သားမှန်သမျှ သေတာတောင် ကျယ်ကျယ်မငိုရ၊ နာရေးကြော်ညာမထည့်ရ၊ ခွေးသေ သေနေရတဲ့‌ ခေတ်ကိုပြောင်းဘီလေ။ ပြန်စရာ ရွာမရှိ။ နေစရာ ရပ်မရှိ။ မုဆိုးမမို့ သနားမယ့်သူမရှိ။ ဖတဆိုးမို့ ခိုကိုးရာမရ ထွီထွမ်ကြ။ သားမယားပါ လူစာရင်းက ထုတ်ခံရ။ ထာဝရ အပယ်ခံဘွ လူမှုဘဝ တွင်းဆုံးကျ။

အဲသလို တပ်သား တပ်မိသားစုဒေဂို သေတွင်းဆင်းခိုင်းရုံအားမရလို့ ခု ပအိုးနဲ့ ကရင်နီကို ရန်သွားတိုက်။ ပအိုးခေါင်းဆောင်တွေရဲ့အကျိုးစီးပွားပတ်သက်နေတဲ့ အားနည်းချက်ကိုနင်း၊ ရှမ်းနဲ့ ပအိုးရဲ့နိုင်ငံရေးအခြေအနေကို သုံးပီး ပအိုးဒေဂို ဒုက္ခပေးဖို့ကြံဘီ။ ပအိုးတွေကို ဘုန်းကြီးတွေပါထည့် ရက်ရက်စက်စက်သတ်ပြီး ကရင်နီကိုပုံချ၊ လူမျိုးရေး ဘာသာရေးစစ်ဖြစ်ဖို့ ကြံစည်တာ။ ကံဆိုးချင်တော့ သူ့စစ်သားဒေဂ ဆရာ့မဟာအကြံဆိုးကို မသိနိုးနား ကယားပဒက်တွေကို ဆုံးမလိုက်ပီဆိုပီး အရင်တက်ဂုဏ်ဆာထားလိုက်တာလေ။ ပုအကြံ ပုထံပြန်ရောက် ကမောက်ကမ ဂျောက်ကျ။ အဲကောင်ဒေတောင် ဖျောက်ပီးပလားမသိ။ အဲဒီသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ဒဲ့ မြင်ခဲ့ဒဲ့ကောင်တွေ လွတ်အောင် ပြေးနိုင်ရင်တော့ မအလရဲ့ စစ်ရာဇဝတ်မှုဒေ ထပ်ထိုးဘီယေ။   သူ့ရဲ့ ကရင်နီဘက်က စစ်ရှောင်မလာနိုင်အောင်ရယ်၊ ပအိုးနဲ့ စစ်ဆိုင်ပေးပြီး သူတို့တပ်တွေ နှုတ်ပြီး စစ်ကိုင်းမကွေးဘက် ထုတ်သုံးချင်တာရယ်၊ နေပူတော်ဘက် ပြုံကျမလာအောင်ရယ် တချက်ခုတ် သုံးချက်ပြတ်ဒေဝဒတ်နဲ့ ပူတင် စပ်ကျထားတဲ့အကြံဒေနက် ပက်စက်ဖို့ဟာ နှမ်းထွက်နဲ့ မှန်းချက်ကမကိုက်တဲ့အပြင် ဒီလုပ်ရပ်ဟာ နိုင်ငံရေး သေပန်းပွင့်ခြင်းတမျိုး တိုးလာပါရောလား။ ခု ပအိုးဒေဟာ သူတို့လူမျိုးအရေး သွေးအေးလို့မရ ဆွေးနွေးနေကြရဘီ။ ပအိုးခေါင်းဖြူကြီးဒေ တပ်နဲ့ပေါင်းကြိတ်ထားသမျှလဲ တစ တစပေါလောပေါ်လာ ထိုင်ခုံလှုပ်လာဘီ။ PNOဘာလဲ ဘယ်လဲ ဖြစ်လာကြဘီ။ သရေကြိုးနဲ့ပေါင်းရင် အထောင်းခံရမယ်ဆိုတာ ပိုသိလာကြဘီ။ စိမ်ရေအိုးထဲကျလို့ကဒေါ့ သကြားခဲကျလဲ ချဉ်ရမှာဘဲလေ။ ဘယ်သူမဆို ကြာလေ ခွါလေ၊ မခွါလေ နာလေ၊ အခန့်မသင့်ရင် မသာအခြေဆိုက်ရမယ်ဆိုတာ ကောင်းကောင်းသိလာကြဘီလေ။ 

မြန်မာ့အနာဂတ်မှာ တပ်ဆိုတာ မရှိနိုင်တော့ဘူးလေ။ မြန်မာ့နိုင်ငံရေးမှာတော့ ခွေးတိုးပေါက်ကတောင် ဟောင်လို့မရနိုင်တော့ဘူးယေ။

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar