Breaking News

စိုးရိမ် - နောက်ဆုံးဆု


နောက်ဆုံးဆု
စိုးရိမ်
(မိုးမခ) မတ် ၁၅၊ ၂၀၂၃

အဆိုးအညံ့ဟာ
ဆာလောင်နေတဲ့ကျားတစ်ကောင်ပဲ
ငါ့ကိုကုတ်ဖဲ့ပေါ့
နေ့သစ်တစ်နေ့ဆိုတာကလည်း
ဝိညာဉ်ထုတ်တေးသွားပေါ်ကခုန်နေတာ
ကန္တာရရာသီထဲရောက်နေမှတော့
ဘာပန်းမှမပွင့်တာမဆန်းလှပါဘူး
မူးယစ်စေတတ်သောအရာတစျခုသာ
ပေးသနားတော်မူပါလို့ ‌တောင်းဆိုမိတာ
ဘုရားသခင်နားလည်စေချင်ပါတယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar