Breaking News

ဖိုးရွှေညီမှိုင်း - နွေလယ်

နွေလယ်
ဖိုးရွှေညီမှိုင်း
(မိုးမခ) မတ် ၃၁၊ ၂၀၂၃

သမိုင်းဆိုတာ လူ့လောကကြီးရဲ့
ရာဇဝတ်မှုတွေ မိုက်မဲမှုတွေ
ကြမ္မာဂြိုဟ်ဆိုးတွေကို
မှတ်တမ်းတင်ထားတဲ့
မှတ်ပုံတင်စာရင်းစာအုပ်ကြီးသာ
ဂစ်ဘွန်း (၁၇၃၇-၁၇၉၄)
...
၁၈ ရာစုက 
၂၁ ရာစုထိ
တပတ်ပြီး တပတ်
ပြန်လည်တတ်ပေမယ့်
ဘယ်တော့မှ 
တထပ်တည်းမကျတတ်ပါဘူး
သမိုင်းဆရာကြီး
ဂစ်ဘွန်းခင်ဗျား ...
ကျွန်တော်တို့သမိုင်းနာရီကတော့
မွန်းတည့်ချိန်ကို ပြနေပြန်ပါပြီ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar