Breaking News

အရေးတော်ပုံ ဘိုးသီ - မတားနဲ့ ထားခဲ့

မတားနဲ့  ထားခဲ့
အရေးတော်ပုံ ဘိုးသီ
(မိုးမခ) မတ် ၁၆၊ ၂၀၂၃

လက်ရှိ အခြေအနေကတော့
တသမ်းသမ်းတဝေဝေ မဖြစ်အောင်
ပွဲတော်တွေကျင်းပပေးနေတာပါ ။

ထွေရာသောင်းပြောင်း
ကျွန်ုပ်တို့ရဲ့ အဆွေ အမျိုး အပေါင်း ဆိုတာကလည်း
ခပ်ဆိုးဆိုး ခွေးတိရိစ္ဆာန်စရိုက်ကို လိုက်
ခပ်မိုက်မိုက် ပျော်ရွှင်မှုမျိုးကိုမှ ကြိုက်ကြသူတွေမဟုတ်လား 
ဒီတော့  ....
ပျော်တာပေါ့ အမေရယ် ဆိုသလို ပေါ့ ။

မတား နဲ့  ....
  မတား နဲ့  ....
မ  တ ား နဲ့  ....
တရား မဲ့ သကွဲ့ ဆိုပြီး
ဘယ်ပျော်ရွှင်မှုကိုမှ 
ခုအချိန်မှာ  သွား  ....မတားလေနဲ့
အဝီစိ ဇောက်ထိုးကျသွားမယ်ဟဲ့ဆိုရင်လည်း
ပျော်လို့သွား ကြတာတဲ့ ။

သွားကြပါစေလေ
မတားနဲ့ ....
မတားနဲ့ ...
မတားနဲ့ ...
ကိုယ့်ကျင်း ကိုယ်ဖောက်ပြီး
ဟိုး ... အဝီစိ မှာ
ကေ တီ ဗွီ  ဆောက်
ဂေါက်ကွင်းတည်ချင်တဲ့ သူတွေ 
သူ့အကုသိုလ်စရိတ် နဲ့ သူ သွားမှာ မို့
မတားနဲ့ ထားခဲ့ ။     ။
 
11/3/2023.
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar