Breaking News

မိုး သက် ငြိမ် ဦး - အမှောင်ခေတ်ထဲက ရုပ်ရှင်


အမှောင်ခေတ်ထဲက ရုပ်ရှင်
မိုး သက် ငြိမ် ဦး
(မိုးမခ) မတ် ၂၈၊ ၂၀၂၃

ငါတို့သရုပ်ဆောင်နေရတဲ့သောကဆက်တင်မှာ
သွေးဘယ်လောက်ရဲသလဲဆိုတာ
အဓိကသက်သေပဲ ။

လိုအပ်ရင် လက်မောင်းသွေးတွေဖောက်ထုတ်လိုက်
သွေးစိမ်းရှင်ရှင်ပန်းထွက်နေလဲ
ယုံကြည်ချက်ကပိုမိုခိုင်မြဲ ။

စောက်ပြဿနာတွေတစ်လှေကြီးက
အဖော်အပေါင်းနဲ့လာတယ် ။
သမိုင်းခရီးမဆုံးမီ
ငါတို့လုပ်ရပ်ကိုဖွင့်ချခွင့်မရှိ ။

ဧည့်စာရင်းစစ်တဲ့အကြောင်းပြချက်နဲ့
အစပျောက်သွားနိုင်တယ် ၊
ဆိုင်ကယ်စစ် ဖုန်းစစ်တယ်ဆိုပြီး
ခွေးကိုက်ခံရနိုင်တယ် ။

ခွေးတွေကိုကြောက်လို့နောက်တွန့်သွားရင်
သွေးတွေရဲတာအလကားဖြစ်သွားမယ်
ခွေးကိုက်မှာစိုးလို့ငြိမ်ဆင်းသွားရင်
ရှိတဲ့သွေးတွေဖောက်ချလိုက်မယ် ။

သန့်ရှင်းနေဆဲလိပ်ပြာဟာ
အမှောင်ခေတ်ထဲမှာလဲ
လှပနေမြဲ တောက်ပဆဲ ။ ။

20.3.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar