ဝါကျဖြူ - ပြုတ်ထွက်နေသောနာကျင်မှုများ
ဝါကျဖြူ
(မိုးမခ) မတ် ၂၅၊ ၂၀၂၃
ကတ်တရာလမ်းမရဲ့အနက်ရှိုင်းဆုံးရင်ဘတ်အောက်ကကန်ဘာမှာအဆိုတော်ခိုင်ထူးရဲ့အိမ်ပြန်ချင်တဲ့အလွမ်းတွေကကန်တာရတွေပွင့်ဝေနေတဲ့ဆီကနေညနေခင်းနေလုံးတစ်လုံးခွဲထွက်ဖြာဆင်းလို့ ။
ပြောလို့မရတဲ့စကားလုံးတွေနဲ့ခိုငှက်လေးတွေအနာကျနေတဲ့မနက်ခင်းကို
ဝေလငါးတွေလူးလာတုံခေါက်တံတွေးသီးနေကြတယ် ။
ခပ်သဲ့သဲ့လှောင်ရီသံထဲမှာထွန်းညှိထားတဲ့ဓာတ်မီးတိုင်လေးတွေငြိမ်းသေနေပုံကခိုငှက်လေးတွေကုတ်ကုတ်လေးကြွေကျနေရသလိုမျိုး ။
8/3/23
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar