Breaking News

ကိုအောင်မှိုင်း - ရှင်သန်ခြင်း

ကိုအောင်မှိုင်း - ရှင်သန်ခြင်း

(မိုးမခ) မတ် ၂၂၊ ၂၀၂၃


ကမ္ဘာရွာမှာ

မြစ်ကြီးများစွာဟာ

ပြင်းပြတဲ့ စိတ်တွေနဲ့

ငြိမ်းချမ်းမှုကို ရှာရင်း

သမုဒ္ဒရာထဲ စီးဝင်

ပင်လယ်ပြင်ဟာ

ကောင်းကင်ပေါ်ပျံတက်

ခွဲခြားဆက်ဆံမှုတွက်

လူတန်းစားဖိနှိပ်မှုတွက်

ဖက်ဆစ်စနစ်ဆိုးတွက်

အပြင်းထန်ဆုံး တိုက်ပွဲဝင်

မိုးကောင်းကင်ဟာ ကြည်လင်ခဲ့။


ဧရာဝတီနဲ့ ဘော်လာဂါ

နိုင်းမြစ်နဲ့ စစ်တောင်း

ယန်စီနဲ့ ချင်းတွင်း


သံလွင်နဲ့ အမေဇုန်ဟာ

ကမ္ဘာကျော်ကဗျာတွေပေါ့

ကမ္ဘာ့ပြည်သူတွေအတွက်

လွတ်မြောက်ချင်းကို ဆောင်ကြဥ်းမဲ့

ကဗျာတို့ရဲ့ တိုက်ပွဲသင်္ကေတ။


လွတ်မြောက်ဖို့

နက်ဖြန်မှာ တိုက်ပွဲရှိတယ်

နက်ဖြန်မှာ ကဗျာရှိတယ်

ကဗျာဟာ တိုက်ပွဲပဲ

တိုက်ပွဲစဥ်တွေကြား

ကမ္ဘာကြီးနိုးထဘို့

ကဗျာတွေ ရှင်သန်နေလိမ့်မယ်

ကမ္ဘာ့ကဗျာနေ့လည်း ရှင်သန်နေတယ်။


( ကမ္ဘာ့ကဗျာများနေ့ ၂၁ ရက် မတ်လ ၂၀၂၃ ခုနှစ် အထိမ်းအမှတ် ကဗျာ )

ကိုအောင်မှိုင်း


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar