မောင်ထိုက်အောင် - ဖြစ်ခဲလှစွာသောအမျိုးသမီး
မောင်ထိုက်အောင်
(မိုးမခ) မတ် ၉၊ ၂၀၂၃
နှစ်လိုဖွယ်အမျိုးသမီးတွေက ငါ့လျှို့ဝှက်ချက်ဘယ်မှာဆိုတာ သိလိုကြ။
ကိုယ်ဟာ ချစ်စဖွယ်မဖြစ်သလို ဖက်ရှင်မော်ဒယ်ရဲ့အချိုးအစားလည်း မဟုတ်ရပါဘူး
ကိုယ် သူတို့ကို စ ပြောချိန်မှာကြတော့
သူတို့ထင်တာ ကိုယ်လိမ်တာပေါ့။
ကိုယ် ပြောတာက …
ဒါက ကိုယ့်ရဲ့လက်တစ်ကမ်းမှာပဲ
ကိုယ့်ခါးတစ်ပြန်လေး
ကိုယ့်ခြေလှမ်းရဲ့အထွာ
ကိုယ့်နှုတ်ခမ်းအကွေး။
ကိုယ်ကအမျိုးသမီးပါ
ဖြစ်ခဲလှသောဖြစ်တည်မှုနဲ့။
ဖြစ်ခဲလှစွာသော အမျိုးသမီးဟာ
ကိုယ်ပါပဲ။
အခန်းထဲ လျှောက်ဝင်လိုက်တယ်
အေးအေးဆေးဆေးနဲ့ မင်း သဘောခွေ့လောက်တဲ့အထိ
ယောကျာ်းသားတယောက်အဖို့
အပေါင်းအပါတွေ ငေါက်ခနဲထရပ်တဲ့အထိ
ဒါမှမဟုတ် ခွေယိုင်ဒူးထောက်ကျတဲ့အထိပေါ့။
ပြီး သူတို့အနားမှာ အုံကျင်းဖွဲ့ဝဲနေကြပုံ
ဝတ်ရည်စုပ်ပျားတွေရဲ့ ပျားအုံ။
ကိုယ် ပြောတာက
ဒါဟာ ငါ့မျက်လုံးတွေရဲ့ မီးလျှံထဲမှာ
ကိုယ့်သွားတွေရဲ့အရောင်လက်မှု
ကိုယ့်ခါးရဲ့ အလှုပ်အလှဲ့
ကိုယ့်ခြေတွေရဲ့ အပျော်
ကိုယ်ကအမျိုးသမီးပါ
ဖြစ်ခဲလှသောဖြစ်တည်မှုနဲ့။
ဖြစ်ခဲလှစွာသော အမျိုးသမီးဟာ
ကိုယ်ပါပဲ။
ယောကျာ်းသားတွေကိုယ်၌က ကိုယ့်ဆီမှာ
ဘာများမြင်ရလဲ သိလိုကြတယ်။
အသည်းအသန်ကြိုးစားပေမယ့်
ငါ့အတွင်းအဇ္စျတ္တရဲ့ဆန်းကြယ်မှုကို အ
မထိတွေ့နိုင်ရှာဘူး။
ဒါတွေကိုပြဖို့ကြိုးစားတဲ့အခါလည်း
သူတို့က မမြင်ရဘူးလို့ဆိုကြတယ်။
ကိုယ်ပြောတာက …
ကိုယ့်ကျောရဲ့ အကိုင်းအညွှတ်ထဲမှာ
ကိုယ့်အပြုံးရဲ့နေတစင်း
ကိုယ့်ရင်သားတွေရဲ့ စီးနှင်နေမှု
ကိုယ့်ဟန်ရဲ့ တင့်တယ်မှု။
ကိုယ်ကအမျိုးသမီးပါ
ဖြစ်ခဲလှသောဖြစ်တည်မှုနဲ့။
ဖြစ်ခဲလှစွာသော အမျိုးသမီးဟာ
ကိုယ်ပါပဲ။
အခုတော့ ငါ့ဦးခေါင်းဟာ
ဘာလို့မညွှတ်လဲဆိုတာ မင်း နာလည်ပြီထင်တယ်
ငါ မအော်ဘူး၊ ရှပ်ပြာခုန်ပါက်မနေဘူး
ခုနှစ်အိမ်ကြား ပြောဆိုမနေဘူး
ငါဖြတ်သွားတာ မြင်တဲ့အခါ
အဲ့အရာက မင့်ကို ဝင့်ကြွားစေသင့်ရဲ့။
ဒါက ကိုယ်ခြေဖမိုးတချပ်ချပ်ထဲမှာ
ကိုယ့်ကေသာရဲ့ကွေးညွတ်မှု
ကိုယ့်ရဲ့လက်ဖဝါးမို့မို့
ကိုယ့်ဂရုစိုက်မှုရဲ့အလို။
ကိုယ်ကအမျိုးသမီးပါ
ဖြစ်ခဲလှစွာ ဖြစ်တည်နေတာကြောင့်ပါ။
ဖြစ်ခဲလှစွာသော အမျိုးသမီးဟာ
ကိုယ်ပါပဲ။
* “Phenomenal Woman” by Maya Angelou ကို
မြန်မာပြန်ဆိုသည်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar