စိုးရိမ် - တရား
တရား
စိုးရိမ်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၃
ကလေးရေ...
မင်းတို့စိတ်ကကျောက်သားလိုမာတယ်
ကလေးရေ...
မင်းတို့အတွေးကပင်လယ်လိုကျယ်ပြန့်နက်ရှိုင်းတယ်
လောကဓမ္မကိုရော လောကအဓမ္မကိုရော
မင်းတို့ကပိုပြီးကြည့်မြင်တတ်ပါတယ်
မမြဲခြင်းတရားကိုမဆင်ခြင်နိုင်တဲ့
လူ့ဗလာကောင်ကို
မမြဲခြင်းတရားနဲ့သက်သေပြဖို့ကြိုးစားတာ
သဘာဝကျလွန်းလှပါတယ်
ဒါဟာ
နေဝင်ချိန်ကိုငေးရီနေသူတစ်ယောက်ရဲ့
တွေးမိတွေးရာလေးပါပဲ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar