ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ယတြာမနိုင် နှစ်ဆောင်ပြိုင်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ယတြာမနိုင် နှစ်ဆောင်ပြိုင်
(မိုးမခ) ဧပြီ ၂၅ ၊ ၂၀၂၃
နှစ်ဆန်းခါရှိသေး၊ အတိတ်ဆန်းတွေကြွ၊ နိမိတ်ဆန်းတွေ ယွနဲ့ လှတော့မယ့်ကိန်း ဗိန်းဗောင်းဆင်လာ သည်ချိန်ခါ။
"တရုတ်လာ"သတဲ့။ ရှယ်အတိတ်နော်။
ယုတ်လာ ဆုတ်လာပြီ ဆိုတဲ့သဘော အထာဓာတ်ကြောနဲ့ ကြည့်ရင် မိတဲ့အချက်က တ- ရုတ်- လာ-ဆိုတာ တပ်-ယုတ်-လာ - တပ်ဆုတ်ယုတ်လာတာ။ နောက်တချက်ကတော့ တပ်- ရုတ်="တပ်တွေ ရုပ်သိမ်း စစ်ဇာတ်သိမ်း"အဟောထွက်တယ်။ ယုတ်၊ ရုပ် အဟောနှစ်ချက်ရ။
အဲဒီလိုအခြေအနေမှာ "ထိုင်းလာ"ရော။ ထိုင်းလာ - ပြိုင်းလာ - မှိုင်းလာ - ကိုင်းလာပြီလို့ ဝေါဟာရအတိတ် တံဆိပ်ခတ်၍ တပ်အပ်သေချာ ဟောလတ်ရာ ဆိုသည့်အတိုင်း တပ်ရဲ့ ဆုတ်ဆိုင်း ကုတ်ကိုင်းချိန်လို့ တိတိကျကျ အဟောကျ။
ကဲ ခေါသနီလင်မယားဟာ ဆုတ်ယုတ်ထိုင်းမှိုင်း နိဂုံးပိုင်း ရောက်လာပြီဆိုတာ ပိုသေချာတာက နောက်တလုံး ဘန်ကီမွန်းကြီး ပြုံးပြုံးပြုံးပြုံးနဲ့ ဝင်လာတာလေ။ အဲဒီ "ဘန်ကီမွန်း"ကမှ အမြစ်ပြတ်အတိတ်၊ လုံးဝအပြတ် အတတ်ဟောပါ ငါဆရာဆိုတဲ့အတိုင်း တချက်လွှတ် ဟောလိုက်ပြီ။
ဘန်-က တေး၊ မအလရဲ့နံတူ။ ကီ-က င်္လာကြူ့ဟာ။ ကြူ့နံ။ အဲတော့ ဘန်ကီဆိုတာ မအလနဲ့ကြူမလင်မယား။ မွန်းဆိုတာ လလို့ ထင်မနေနဲ့။ နစ်တာ၊ နစ်မွန်းတာကိုပြောတာ။
နိမိတ်နဲ့ အတိတ်ပေါင်းရင် ယတြာမနိုင် နှစ်ဆောင်ပြိုင်တာလေ။
ဘန်ကီမွန်းဆို ပြုံးပြုံး ပြုံးပြုံး အသွင်အပြင်ကြီးနဲ့ တွဲမြင်ရတယ်မဟုတ်လား။ အဲသမှာ ဘန်ကီမွန်းဆိုတဲ့ အတိတ်နဲ့ သူ့အသွင် ပြုံးပြုံး ပြုံးပြုံး နိမိတ်ပေါင်းတော့ ယတြာမနိုင် နှစ်ဆောင်ပြိုင်အခြေဆိုက်သမို့ ခေါသနီလင်မယားဟာ ပြုန်းပြီးရင်း ပြုန်းကာ တအိအိနဲ့ ပြိုလာမယ်ဆိုတာ အပီလုံးဝသေချာသွားတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar