မိုးခါး - နွေ
နွေ
မိုးခါး
(မိုးမခ) ဧပြီ ၃၀၊ ၂၀၂၃
လက်ဝါးပေါ်ပန်းလေးတင်လိပ်ပြာမျှားပုံကလှပ
အပူထဲသစ်ခက်သစ်ရွက်တို့ သက်ငြိမ်
တံလျှပ်ကို ကြံကြံခံတုံ့ပြန်ပုံကြ ရဲရင့်လျက်
ဘယ်အကြောင်းနဲ့ဒီအကျိုးတွေ တလွှာချင်းမြင့်တက်
ခြေလှမ်းအပေါ်သစ္စာမဖောက်တဲ့နှလုံးသားကသွေးဆူလို့
အချစ်မပါပဲ မျှော်ရည်ငေးတဲ့လွမ်းဆွေးခြင်းကလည်း
လှည့်ဖြားခြင်းပေါ် ဆောင်ယူလာတဲ့ကျိန်စာ
အများပိုင်နမ်စားတွေ ထုတ်မသုံးတဲ့သိမ်မွေ့ခြင်းမှာ
တလွှာချင်းခွာချပေးနေရတာက ရနံ့
အမြင်ချင်းဖလှယ်ကြည့်ရင် ပူဆွေးရတာခြင်းတူတယ်
ဘဝချင်းပုံထပ်ကြည့်တော့လည်း ဒဏ်ရာရပုံခြင်းတူတယ်
လက်ဝါးပေါ်ပန်းလေးတင်လိပ်ပြာမျှားပုံကလှပ
နွေ
ထပ်မဖွဲ့ချင်တော့ဘူး
နာကျင်မှုတွေရစ်ဖွဲ့လာသည့်အခါတိုင်း......၊၊ ၊၊
20.4.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar