Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူ့ဗာလ မအလကိုဖျောင် တိုင်းပြည်ထောင်ကြစို့

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူ့ဗာလ မအလကိုဖျောင် တိုင်းပြည်ထောင်ကြစို့

(မိုးမခ) ဧပြီ ၁၉ ၊ ၂၀၂၃


မအလက တပ်ကို ပဇီကြီး စစ်ရာဇဝတ်မှုကြီးဖြင့် မပြန်လမ်းကို အမြန်လမ်းက ပို့လိုက်ပြီ။ တပ်သားရော ဗိုလ်ပါ ပြန်စရာ ရွာမရှိ၊ ရပ်မရှိ။ ပြန်လာရင် ဂိမည်။ လူမိုက်ငတ ဗိုလ်လဒကို ရှောင်ကမရှား တပ်ထဲသွားမိ မှီဝဲကြည့်တဲ့ဒဏ် အသေဝနာစ ဗာလာနံကို မနာခံလို့ ရွာပါမကျန် မီးရှို့ရ၊ သာမန် ရွာသား ဆွေမျိုးများကို သတ်ဖြတ်ညှဉ်းဆဲ ငရဲဆလံ သရဲဆလံ ကလေးနဲ့ အဘိုး အဘွားမချန် စိတ်ရူးပေါက်သလို ဂေါက်ကြောင်ဆေးချ သတ်နေရတဲ့ အလွန်ဆိုးသွမ်း ယုတ်ကန်းတဲ့ဘဝ ရောက်နေရပြီ။

ပဏ္ဌိတာနဉ္စ သေဝနာ ပြည်သူ့ထံ ပြန်လာမှ လွတ်ငြိမ်းချမ်းသာ မိသားစုပါ လူထဲ ပြန်ရောက်ရပေတော့မည်။ လာရင်လဲ လက်ချည်းမလာ ဉာဏ်ပညာသုံး၍ တပ်ထဲမှာ ဝုန်းစရာရှိတဲ့ဝုန်းခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် သယ်ခဲ့ပေမှ ပူဇာစ ပူဇနေယျာနမင်္ဂလာ ထိုက်ပေတော့မည်။ ပြည်ဖျက်တပ်မို့ တပ်ကိုဖျက်မှ ပြည်မပျက်တော့မည်။ ယင်းသည်ပင် သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်ခြင်းဖြစ်ပေတော့သည်။ မဟုတ်လျှင် ကိုယ့်ဘာသာ သာသနာညှိုးနွမ်း ပင်ပန်း၍ ကိုယ့်မိဘ ဆရာသမားများပါ မပြန်လမ်း မြန်းရပေတော့မည်။ မအလ မိသားစုက အေးဆေးနှပ်နေ ကိုယ့်မိသားစုက အသတ်ခံရပေမည်။ မအလမိသားစု အေးဆေးနှပ်ဖို့ သူတပါးမိသားစု လိုက်သတ်စို့ဆိုတဲ့တပ်မူဝါဒနဲ့ တိုင်းပြည်ကို ပြာချနေရမည်။

ဗာလာန မအလကို ဖျောင်၊ ပြည်သူ့ရင်ခွင် ခိုဝင်၊ တပ်ကိုဖျက်၊ ဒီသုံးချက် မပျက်မကွက်လိုက်နာရင် ကိုယ်ရောသူပါ ပြည်ရွာချမ်းသာကြောင်း၊ အဲဒါမှ လောကအတွက် ဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဝါဒ၊ ဗမာလုံးဆိုင်ရာသာမက အာဆီယံလုံးဆိုင်ရာ ဥရောပ အမေရိကပါမကျန် အမှန်မင်္ဂလာဖြစ်ပါကြောင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar