Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တွင်းဆုံးချတို့ရဲ့ ဂျင်းအဆုံးအမ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တွင်းဆုံးချတို့ရဲ့ ဂျင်းအဆုံးအမ

(မိုးမခ) ‌မေ ၃ ၊ ၂၀၂၃


သူမြတ်ပုဂ္ဂိုလ်မှန်သမျှ မကြာခနတွေ့ဆုံလေတဲ့။ သမဏာနဉ္စ ဒဿနမင်္ဂလာ။ ရွှေပင်နားမှ ရွှေကျေးဖြစ်မှာလေ။ 

သူမြတ်သမဏနဲ့ တွေ့ပါဆို ခေတ်ပြောင်း = ခေါင်းပစ် ဆိုတဲ့ စောက်ရူးနဲ့သွားတွေ့။ လူသိန်းချီသတ်တာကို တယောက်နဲ့ တခြမ်းသာ သတ်ပါတယ်ဆိုပြီး သေခါနီးဘုရင်နဲ့ ဆက်ခံမယ့်သူတွေကို အပင်းသွင်းတဲ့ ဂျင်းတရားဟောဘုန်းကြီးကို ကုန်းကုန်းပြီး ခဏခဏ ကန်တော့နေတော့ ဘောင်းဘီကျွတ်နဲ့ ဘောင်းဘီဝတ်တင်မက သံဃာစင်ပါ မှောက်တော့တာလေ။ တဖြည်းဖြည်းနဲ့ ဘုန်းကြီးတွေပါ ဘိပျောက် ပုန်းကြောင်မယ့်ကိန်း။ ဘောင်းဘီကျွတ်တွေကတော့ ဘယ်ကတွတ်ပေါက်က ထွက်ရမယ်မသိအခြေ။ ခိုးထားညစ်ထားပလစ်ထားတဲ့ စည်းစိမ်တန်းလန်းနဲ့ဆိုတော့ လမ်းပေါက်သာလျက် အပြေးခက်။ မအလကလဲ ပြေးတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကြိတ်မှာလဲသိတော့ မချိပြုံးလေးနဲ့ ကန်တော့ခံနေတဲ့ တပ်မတော်နေ့ကပုံတွေသာ ကြည့်။

တမင်္ဂလာပျက်ရင် တနွယ်ငင် တစင်ပါတော့တာ။ မဟာဒုက္ခ တွင်းဆုံးချတွေရဲ့ ဂျင်းအဆုံးအမတွေနဲ့ဘဲ တွေ့တွေ့နေတော့ သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေနောက်ဆက်မင်္ဂလာလဲ ပျက်ရပြီပေါ့။

တပ်သဘာဝမှန်အောင် မဆွေးနွေးနိုင်တော့ဘူးလေ။ တပ်သဘာဝက တိုင်းပြည်ကာကွယ်ရေးလေ။ တပ်ရည်ရွယ်ချက်က ပြည်သူ့အသက်အိုးအိမ်စည်းစိမ် စောင့်ရှောက်ရေးလေ။ တပ်ဝိနည်းက တိုင်းပြည်က ချမှတ်ထားတဲ့ စည်းကမ်းလိုက်နာရေးလေ။ ပြည်သူက တင်မြှောက်ထားတဲ့ နိုင်ငံရေးဦးဆောင်သူနောက်က ကောက်ကောက်ပါအောင် လိုက်ပြီး သူမြတ်တွေနဲ့တွေ့၊ ကောင်းနိုးရာရာဆွေးနွေး ပြည်သူကို အလုပ်အကျွေးပြုနေရမှာလေ။

ခုတော့ ပြည်သူကို မကာကွယ်ဘဲ ဖာသည်မဖြစ်ဖြစ်အောင် နေဝင်းတခေတ် သန်းရွှေတခေတ် ခု မအလတခေတ် တခေတ်ချင်း တခေတ်ချင်း အမွဲဇာတ် အလွဲဇာတ်သွင်း သွင်းနေတာလေ။ နောက် တမတတခေတ် မရှိအောင် ဖာနိုင်ငံလုံးလုံးမဖြစ်အောင် တပ်မဖားပုဂ္ဂိုလ်မြတ်များနဲ့ မကြာခဏ တွေ့ပြီး တပ်သဘာဝပျက်နေတဲ့ ဗိုလ်ယက္ခတို့ကို ဖြုတ်ချပြီး ဒုက္ခတွင်းက တပ်နဲ့ တိုင်းပြည်ကို ဆယ်ထုတ်ကြပါစို့။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar