Breaking News

ကျော်ဟုန်း - ဓာတ်ပုံထဲက လူများ

Art by Than Htay Maung
ဓာတ်ပုံထဲက လူများ
ကျော်ဟုန်း
(မိုးမခ) မေ ၄၊ ၂၀၂၃

ဓာတ်ပုံ တပုံဟာ
ဆယ်စုနှစ် ၅ ခုလောက်
ဖြတ်ကျော်လာပြီးနောက်မှာ

အဲ့ဒိဓာတ်ပုံထဲမှာ
ဆယ်စုနှစ် ဘယ်လောက်ကျော်လာလာ
နာမည်မညှိုးတဲ့လူတဦး ပါနေခဲ့တဲ့အခါမှာ

သမိုင်းဝင်ဓာတ်ပုံဖြစ်
သမိုင်းဝင် လူတစုဖြစ်
နောင်လာနောက်သားတွေ
လွယ်လွယ် ထင်မှတ်လိုက်ကြပေါ့။

တကယ်တော့
အဲဒိသမိုင်းဝင်ဓာတ်ပုံထဲက တစု
သမိုင်းကောင်း တင်လောက်သူလည်း ပါ
သမိုင်းဆိုး မှတ်သင့်သူလည်း ပါ
သမိုင်းကွေးသွားသူလည်း ပါ
သမိုင်းလိမ်သွားသူလည်း ပါ
ဟိုလိုလို ဒီလိုလိုသမားလည်း ပါ
ဘာမဟုတ် ညာမဟုတ်လူလည်း ပါ
ရောရိရောရာ။

ရောရိရောရာကို
သရုပ်ခွဲဖို့ ခက်ချိန်ကာလမှာ
ရောယောင်ပြီး
သမိုင်းဝင်သူများဖြစ်သွားကြတဲ့အခါ

အဲ့ဒိဓာတ်ပုံထဲက
တချို့လူတွေအကြောင်းကို
နှောင်းလူများ သိရအောင်
အဲ့ဒိ ဓာတ်ပုံက လက်ညှိုးထိုးပြပြီး
အော်မြည် လှောင်ပြောင်ပြတတ်ရင်
အကောင်းသား။ 

၂၀၂၃၀၄၂၇
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar