Breaking News

ကိုအောင်မှိုင်း - မေဒေး

ကိုအောင်မှိုင်း - မေဒေး

(မိုးမခ) မေ ၁ ၊ ၂၀၂၃


အမှောင်ခေတ်ရဲ့

အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးမှာ

မင်းနဲ့ ငါ မြုပ်မသွားဖို့ ခက်တယ်။


အလင်းရောင်ဟာ

အရင်ကထက် ပိုဝေးနေသလိုပဲ။


ပွက်ပွက်ဆူနေတဲ့ ဒီရေလှိုင်းတွေကို

ငါတို့ တိုက်ဖျက်ပစ်လိုက်ကြရအောင်။


စိတ်ပျက် အထီးကျန်ဆန်မှုတွေက

ရစ်နှောင်ဖို့ အားထုတ်နေချိန်မှာ

မေဒေးအတွက် တိုက်ပွဲခေါ်သံကို

တယောက်ယောက်များ ကြားလိုက်ကြလား။


မနစ်မြုပ်ခင်မှာတော့

မင်းနှုတ်ခမ်းလေးကို နမ်းလိုက်ချင်ပ။

လွတ်မြောက်မှုသစ်ကို ရဖို့ဆိုတာ

ငါတို့ တိုက်ပွဲဝင်မှဖြစ်မယ်ပေါ့။


ကိုအောင်မှိုင်း

( Aram Stefanian ၏ May Day ကဗျာကို ခံစားရေးဖွဲ့ပါသည်)


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar