နေသွင်နိုင်း - ငတ်ချင်တယ်
ငတ်ချင်တယ်
နေသွင်နိုင်း
(မိုးမခ) မေ ၁၊ ၂၀၂၃
.
ငတ်ချင်တယ်
မနက်လင်းဖို့
စပါးစိုက်ဖို့
ဝလုံးလေးရေးဖို့ ငတ်ချင်တယ်
ငတ်ချင်တယ်
အဖေ့ပခုံးပေါ်တက်
အမေ့ပါးကိုနမ်းဖို့ ငတ်ချင်တယ်
ရွှေစွန်ညိုကစား
ဆွမ်းတော်ကပ်
သီချင်းအတူဆိုဖို့ ငတ်ချင်တယ်
ငတ်ချင်တယ်
ဘုရားပွဲသွားဖို့
ကောက်ရိတ်သိမ်းဖို့ ငတ်ချင်တယ်
အုန်းမောင်းခေါက်ဖို့
သားရှင်ပြုဖို့ ငတ်ချင်တယ်
နွားစာကျွေး
တလင်းနယ်
ညောင်ရေသွန်းဖို့ ငတ်ချင်တယ်
ငတ်ချင်တယ်
သပြေသီးကောက်
ခနွှဲတင်
မြေပဲဆွတ်
ထနောင်းသုပ်ဖို့ ငတ်ချင်တယ်
အိုးစည်တီး
ဒိုးပတ်က
ရွှေရိုး က
နတ်နန်းဆက်ဖို့ ငတ်ချင်တယ်
ငတ်ချင်တယ်
လက်ပံကောက်
ဇရပ်ဆောက်
အမျှဝေ
အုတ်ဂူ သွင်း
အရိုးပြာမျှောဖို့ ငတ်ချင်တယ်
ကျောင်းပြန်ဆောက်
ဘုရားလှူ
ရွာပြန်ရောက်ဖို့ ငတ်ချင်တယ်
အိမ်မရှိတော့လို့ ငတ်ချင်တယ်
စပါးကျီမရှိတော့လို့ ငတ်ချင်တယ်
အလောင်းကောက်ဖို့ ငတ်ချင်တယ်
ခွေးမောင်းထုတ်ဖို့ ငတ်ချင်တယ်
ငတ်ခြင်းဟာ ရှင်ခြင်းဖြစ်လို့ ငတ်ချင်တယ်
ငါတို့မှာ သေခြင်းသာရှိလို့ ငတ်ချင်တယ်။
ညမိုးချုပ်ဖို့ ငတ်ချင်တယ်
မြစ်ကိုငေးဖို့ ငတ်ချင်တယ်
ပန်းတွေပွင့်ဖို့
လက်ဆုံစားဖို့
နွေဦးပွင့်ဖို့ ငတ်ချင်တယ်
သွေးသည်အလံဖြစ်ကြောင်းပြဖို့ ငတ်ချင်တယ်
ငတ်နေတာ သေတာမဟုတ်လို့ ငတ်ချင်တယ်
ငတ်ချင်တယ်ဟာ ငတ်ချင်တယ်။ ။
၁၄၄၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar