လင်းလက်နွေဦး - အဖြုန်းသီး
အဖြုန်းသီး
လင်းလက်နွေဦး
(မိုးမခ) မေ ၁၁၊ ၂၀၂၃
ရူးသွပ်သူဟာ
မစင်နင်းထားတဲ့ လှည်းဘီးကိုပဲ
အတင်းတွန်းနေတယ်။
ထက်မြတ်သူတွေသာ
အသံထွက်ခဲ့။
နီရှေးဟာ
သူ့တယောကို
ရွှေတိဂုံမှာ ဌာပနာပြီး
ဟားတိုက်ထွက်သွားခဲ့ပေါ့။
မြတ်စွာဘုရားကိုယ်တော်မြတ်ကြီး
နဖူးကချွေးစက်တွေသပ်ချနေဆဲ
ဘုန်းကြီးတစ္ဆေေတွေက
ကမ္မဝါရွတ်ကောင်းဆဲ ။
၁၀. ၅. ၂၀၂၃ မနက် ၁၀:၄၆
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar