Breaking News

ဝင်းမြင့် - လွင်ပြင်

လွင်ပြင်
ဝင်းမြင့်
(မိုးမခ) မေ ၁၈၊ ၂၀၂၃

နေကြာပန်းက
နေရောင်ခြည်ကို တောက်ထုတ်လို့
ကုမုဒြာက
လရောင်ကို ဖောက်သောက်လို့
ကိုယ်တို့က
ကောက်ကွေးကွေးအက္ခရာတွေကို
ပြန်စီလို့
နံရံ ပြီးပြီ
အုတ်မြစ်ပြီးပြီ
ကမ္ဘာကြီး ပြီးပြီ
ငါတို့က မနီးသေး
ဘူတာက ပြေးပြီး
ရထားက ရပ်လို့ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar