Breaking News

စာအုပ်စင် - ဖိုးရွှေညီမှိုင်းရဲ့ "မိုးမခပင်နှင့် သံလွင်သစ်ခက်" အွန်လိုင်းကဗျာစာအုပ်

ဖိုးရွှေညီမှိုင်းရဲ့ "မိုးမခပင်နှင့် သံလွင်သစ်ခက်" အွန်လိုင်းကဗျာစာအုပ်
ဝယ်ယူဖတ်ရှုနိုင်တော့မည်
(မိုးမခ) မေ ၂၊ ၂၀၂၃

ကဗျာချစ်သူ စာချစ်သူများသို့ ..
မိုးမခပင်နှင့် သစ်ခက်သံလွင်အွန်လိုင်းမဂ္ဂဇင်းတို့မှာဖော်ပြခဲ့တဲ့ ကဗျာ ဆရာ ဖိုးရွှေညီမှိုင်းရဲ့ ကဗျာများ အွန်လိုင်းပေါ်မှာ ယခုရက်များအတွင်း ဝယ်ယူဖတ်ရှုနိုင်မှာဖြစ်ကြောင်းနဲ့ ကဗျာဆရာကိုယ်တိုင်ရေးသားထားတဲ့အမှာစာ၊ ကိုယ်ရေးထုပ္ပတ်အကျဉ်းတို့ကို ဖော်ပြပေးလိုက်ပါတယ်

"မိုးမခပင်နှင့် သံလွင်သစ်ခက်"
အွန်လိုင်းကဗျာစာအုပ်ငယ်အတွက်
"အမှာစာ မဟုတ်တဲ့ အမှာစာ"
...
ကျနော့်ရဲ့ ချစ်ခင်လေးစားရတဲ့ FB မိတ်ဆွေများ ခင်ဗျား ...
ခင်ဗျားတို့မှာ အရမ်းခက်ခဲနေတဲ့အချိန်အခါဆိုတာ ကျနော်သိသလို
ကျနော်တို့မှာလည်း အရမ်းခက်ခဲနေတဲ့ ကာလတခုကို ဖြတ်သန်းနေကြရ
တယ်ဆိုတာကို ခင်ဗျားတို့ သိမယ်ဆိုတာလည်း ကျနော်ယုံကြည်ပါတယ်။

တဦးတယောက်ချင်းစီအတွက်မဟုတ်ဘဲ အားလုံးညီတူ ခံစားနေရတဲ့ အချိန်ကာလပါ။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပြောခဲ့ကြတယ်။
"ငါတို့မှာ ငါတို့ရှိတယ်" လို့။ ဟုတ်ပါတယ် ... 
ကျနော်တို့မှာ ကျနော်တို့ပဲ ရှိပါတယ်။ 
ကျနော် ခုချိန်ထိ ယုံကြည်နေဆဲပါ။
ကျနော်ဆိုရင် ဘာလုပ်တတ်သလဲ။ 
စာသင်တတ်ပါတယ်။ "ရသစာ"လေးဘာလေးရေးတတ်ပါတယ်။ ခုချိန်မှာ 
စာသင်တဲ့အလုပ်က ပြုတ်သွားတော့ စာရေးတဲ့အလုပ်ပဲရှိပါတော့တယ်။
၂၀၁၉ ကနေ ၂၀၂၃ အတွင်း အွန်လိုင်းမဂ္ဂဇင်းတွေပေါ်မှာရေးခဲ့တဲ့ စာတွေထဲက "မိုးမခ"နဲ့ "သစ်ခက်သံလွင်" အွန်လိုင်းမဂ္ဂဇင်းနှစ်ခုမှာ ဖော်ပြခံရတဲ့
ကဗျာတွေကနေ စိတ်ကြိုက် ၁၆ ပုဒ် ရွေးထုတ်ပြီး pdf file လေးတခု ဖန်
တီးပါတယ်။ ရည်ရွယ်တာကတော့ e-book လုပ်ဖို့ပါ။ Laptop က(ရောင်း စားလိုက်လို့) မရှိတော့တဲ့အတွက် China Phone လေးနဲ့ e-book လုပ်ရ
တာဖြစ်တော့ဖြစ်တယ်။ font size သေးလွန်းနေတော့ ဖတ်ရတဲ့သူအဆင် မပြေနိုင်တာကြောင့် pdf file အတိုင်းပဲထားပြီး link ကို မျှဝေဖို့ ကြိုးစားပါတယ်။
ကျနော့်ရဲ့ကဗျာစာအုပ်ငယ်ကလေးကို ၁ အုပ် ၅၀၀၀ ကျပ်နဲ့မျှဝေခွင့်ပြုစေလိုပါတယ်။ 
ကဗျာစာလုံးများရော ကဗျာသရုပ်ဖော်ပုံများပါမူရင်း web တွေကနေ 
 copy ယူပြီး အတတ်နိုင်ဆုံး ကောင်းအောင်ပြင်ဆင်ထားပါတယ်။
ကျနော့် k-pay Acc (09451236588) ထဲကို ၅၀၀၀ ထည့်ပြီး 
 FB messenger ကနေ မှာယူနိုင်ပါတယ်။ ကျနော့်စာအုပ် Link ကို 
ကျနော်ပြန်ပို့ပါ့မယ်။

"မိုးမခ"နဲ့ "သစ်ခက်သံလွင်" 
အွန်လိုင်းမဂ္ဂဇင်း ၂ ခုက အယ်ဒီတာများ ... 
ကျနော့်ကဗျာစာအုပ်ငယ်လေးကို ခွင့်ပြုပါလို့ လေးလေးစားစား တောင်းပန်ပါတယ်ခင်ဗျား။
ကျနော် "ဖိုးရွှေညီမှိုင်း"ပါ။
ကဗျာစာအုပ်ငယ်ရဲ့ နာမည်က
"မိုးမခပင်နှင့် သံလွင်သစ်ခက် "ပါ။
မိတ်ဆွေအားလုံး ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ။

လေးစားချစ်ခင်လျက် ... 
ဖရညမ
၂၀၂၃ ဧပြီ ၃၀
-
ကိုယ်ရေးအကျဉ်း

အမည်ရင်း ... ဦးတင်ထွဋ်
ကလောင်အမည် ... ဖိုးရွှေညီမှိုင်း
မွေးသက္ကရာဇ် ... ၁၉၆၁ နိုဝင်ဘာ ၁၁

၁၉၇၉ ပုသိမ်ဒေသကောလိပ်၊ နှစ်လည်မဂ္ဂဇင်းမှာ ကဗျာစရေးပါတယ်။ ၁၉၈၂ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က ကျောင်းပြီးပါတယ်။

သက္ကရာဇ် ၂၀၀၀ အထိ ရှုမဝ၊ မိုးဝေ၊ စပယ်ဖြူ၊ ချယ်ရီ၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ ရုပ်ရှင်အမြုတေ၊ ရနံ့သစ်၊ ရွှေသမင်၊ ပိတောက်ပွင့်သစ် မဂ္ဂဇင်းတွေမှာ ကဗျာတွေရေးခဲ့၊ ဖော်ပြခံခဲ့ရပါတယ်။ ၂၀၀၁ ကနေ ၂၀၁၂ အထိ ပုံနှိပ်မဂ္ဂဇင်းကဗျာလောကနဲ့ အဆက်ပြတ်သွားခဲ့ပြီး ၂၀၁၃ မှာ အွန်လိုင်းကဗျာတွေပြန်ရေးဖြစ်ပါတယ်။  
ရသကမ်းခြေ၊ မိုးမခ၊ လွတ်လပ်လှိုင်းနဲ့ သစ်ခက်သံလွင်အွန်လိုင်းမဂ္ဂဇင်းတို့မှာ ကဗျာတွေ ဖော်ပြခံခဲ့ရပါတယ်။

၁၉၈၂ ခုနှစ်က စပြီး ပညာရေးဝန်ကြီးဌာန ဝန်ထမ်းတဦးအဖြစ် ၃၉ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၁ နွေဦးမှာ အလုပ်ပြုတ်ပါတယ်။ နောက်ဆုံးတာဝန်ယူခဲ့တာ ပညာရေးဒီဂရီကောလိပ်၊ တွဲဖက်ပါမောက္ခ (သင်ပြနည်း) ဖြစ်ပါတယ်။ အခုလောလောဆယ် အလုပ်ကတော့ စာဖတ်ပါတယ်၊ စာရေးပါတယ်။

ဖရညမ
၂၀၂၃ မေလ ၁ ရက်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar