နေသွင်နိုင်း - တယောက်ပြီးတယောက် တဘဝပြီးတဘဝ ဆက်လက်
တယောက်ပြီးတယောက် တဘဝပြီးတဘဝ ဆက်လက်
နေသွင်နိုင်း
(မိုးမခ) မေ ၂၀၊ ၂၀၂၃
ဘာမဆိုဖြစ်နိုင်တယ်ဆိုလို့
ကြွက်တွေလို အစာရှာ
ကျီးကန်းလိုမိုးလင်းခဲ့တယ်
ဘာမဆိုဖြစ်နိုင်တယ်ဆိုလို့
ထမင်းတနပ်တောင်းတယ်
ဘာမဆိုဖြစ်နိုင်တယ်ဆိုလို့
ပေါင်မုန့်တလုံးတောင်းခဲ့တယ်
ဘာမဆို ဖြစ်နိုင်တယ်ဆိုလို့
အမှောင်ခေတ်ကို လူငယ်စိတ်နဲ့ တော်လှန်တယ်
ဘာမဆိုဖြစ်နိုင်တယ်ဆိုလို့
အသက်ကိုဌာပနာပြီး
ကျည်ဆန်တတောင့် တောင်းခဲ့တယ်
ဟိုးမှာ နွေဦးပန်းကိုစိုက်သူတွေ
သမိုင်းကို သွေးနဲ့တင်ဆက်
မျက်ရည်စက်လက်
သွေးစက်လက်
တပွင့်ပြီး တပွင့်
ဘုရားမပွင့်မီ
ကြယ်ပန်းတခင်း ပွင့်ခဲ့တယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar