ကိုအောင်မှိုင်း - နှုတ်ဆက်ခဲ့ အနမ်း
ကိုအောင်မှိုင်း - နှုတ်ဆက်ခဲ့ အနမ်း
(မိုးမခ) မေ ၁၈ ၊ ၂၀၂၃
မလွမ်းပါရစေနဲ့
ချစ်ကြိုးငယ်ရှည်ချင်သမို့
တပြေသူမရွှေထားကိုလ
ချစ်ပန္နက်ခိုင်ခိုင် စိုက်လို့ရယ်
ပန်းပျိုးခဲ့မယ် လန်းစေသား။
တိတ်တခိုး အနမ်း
သံသာလေ သောင်ကမ်းမှာ
တူနှစ်ကိုယ် ယှဥ်မြန်းလို့
လေအဟုန်မှာ လေစုံလွင့်ကာပ
သောကတွေ ခြေရာထပ်လို့ရယ်
တော်ဝင်ပန်းမြတ်မို့ တင့်တယ်
ဘယ်ဝယ်ဆီသခင် လှမ်းဦးတော့
မြင်မြင်သဖွယ် အမြစ်ကတွယ်
သံယောဇဥ် ဆိုတာရယ် ဆက်ထုံး
ပြုံးလိုက်စမ်းပါ့ ကြည်ရွှင်ဖွယ်
တသက် တခါသာ အဆုံးပေမို့
သောကအပြုံးနဲ့ ပန်းသခင်ရယ်။
ပိတောက်ဝါ ညှာတံကစိမ်း
သူစိမ်းတရံ မဆန်လေနဲ့
ယိမ်းဟန်ပန် မျက်ရည်ပျိုးလို့ရယ်
ခမျာမှာ မြူးချင်ရှာပေမဲ့
မညှာမတာ တိမ်းခဲ့လေတဲ့
ကံကြမ္မာရယ် အမျက်ငြိုးပေပေါ့
နွမ်းလျလျ ရင်မှာတွယ် ကြမ္မာကိုဖယ်
လွမ်းလောက်ဖွယ် အားယူပြုံးခဲ့စမ်း
ဪ နှုတ်ဆက်ခဲ့အနမ်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar