Breaking News

ဒွန်ဂဲရာ - လက်ဖက်ရည်တခွက်ရဲ့ကြွက်ဖမ်းရာဇဝင်

လက်ဖက်ရည်တခွက်ရဲ့ကြွက်ဖမ်းရာဇဝင်
ဒွန်ဂဲရာ
(မိုးမခ) မေ ၂၁၊ ၂၀၂၃

စျေးဦးပေါက်ကြွက်ရဲ့ ရှင်သန်မှုထဲ
ကိုယ်တို့စီးမျောကြမယ်
နိဗ္ဗိန္ဒမလိုချင်တဲ့ကြွက်ဟာ လော်စပီကာထဲဝင်သွားတယ်
သတင်းပေးပို့မယ့်လှိုင်းတွေဟာ တစိမ်းဆန်ရင်းရေဒီယိုကိုဖျက်ဆီးကြတယ်
အမွေးတွေဖွာလန်ကြဲနေတဲ့ရေနွေးပြင်ပေါ်
တစ်ကောင်ပြီးတစ်ကောင် ကျွတ်တမ်းဝင်ရ
လမ်းဟာမဆုံးတော့ရင်မသေပင်မယ့်
လမ်းဆုံးရင်တော့ကြွက်တမျိုးလုံးသေရတာပဲ
ရိုးစင်းပါတယ်
ကရုဏာကြွက်တွေသေရတယ်
နေစိမ့်သူတွေသာခွေးရန်ကလွတ်ကြရတယ်
ကြွက်ဖမ်းသမားဟာ
ဒလက်ကိုအသက်နဲ့ရင်းသုံးပေမယ့်
ကြွက်တမျိုးလုံးဟာ
ဘယ်တော့မှမညီညွတ်ခဲ့ဘူး။


မေ ၁၇ ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar