မင်းငြိမ်းအေး _ ဝေလေလေနွေ
ဝေလေလေနွေ
မင်းငြိမ်းအေး
(မိုးမခ) မေ ၉၊ ၂၀၂၃
တချို့အသားတွေက
ဖျဉ်ယူလို့မရဘူး။
တောထဲထွက်လည်း
တောမရောက်
တောကမနက်လည်း
လူကနက်။
အလံတော်တင်လည်း
ဝေလေလေ
ဆိုင်းဘုဒ်တင်လည်း
ဝေလေလေ။
တကယ်သေသွားတဲ့
လူတွေကို
အလေးပြုပါတယ်
ဘယ်တော့မှမသေတဲ့
အမည်နာမတွေကိုလည်း
အလေးပြုခဲ့ပါတယ်။
ဝေလေလေ
မနွေချင်ပါ။
_
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar