Breaking News

ကျော်ဟုန်း - ကော်ဖီခါးခါး ဒိုင်ယာရီ

ကော်ဖီခါးခါး ဒိုင်ယာရီ
ကျော်ဟုန်း
(မိုးမခ) မေ ၃၀၊ ၂၀၂၃

မူလ
ခါးပြီးသား။
နေခြောက်အောင် လှန်း
မီးကျွမ်းအောင် ကင်
အမှုန့်ဖြစ်အောင် ကြိတ်
နို့ဆီဆိမ့်
သကြားချို
ရေပူပူနဲ့
ကြိုက်သလို
ပုံဖျက်ပြီးမှ ...

ပြင်းပြတဲ့
ဆန္ဒရူးက
ကော်ဖီခါးခါး
သောက်ချင်သတဲ့။

ပုံဖျက်ခံရဲ့ဈာပနက
ဘာများ ပြောနိုင်ပါအံ့နည်း။

 ၂၃၅၂၆
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar