ဝဇီရာဒီဖိုး - နွေနှောင်း ဝဿန်ထဲက ပိတောက်လက်ကျန်
နွေနှောင်း ဝဿန်ထဲက ပိတောက်လက်ကျန်
ဝဇီရာဒီဖိုး
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၃
အခုချိန်ထိ ပွင့်နေရတဲ့ ပိတောက်ကို အားနာတယ်
မိုးဟာ စွေခဲ့ပြီ။
လမ်းပေါ်မှာ ပိတောက်ပွင့်ဖတ်တွေ
ကွန်ကရစ်လမ်းသားပေါ်က အဝါ။
သဘာဝဟာ တရားရိပ်က ထွက်ခဲ့ပြီ
ဖိစီးမှု နွေအလွန်ရဲ့ သင်္ကေတတွေ။
မိုးတွင်းရနံ့ထဲ ပိတောက်ရနံ့စွတ်ထားတော့
ပိတောက်ကြွေတိုင်း မျက်ရည်ဝိုင်းရတယ်။ ။
23:13, 9-6-2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar