Breaking News

ကျော်ထူး - ကြောင်နေတဲ့ကြောင်

ကြောင်နေတဲ့ကြောင်
ကျော်ထူး
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၃

ကြောင်ဟာ 
ကြောင်ကြောင်မြည်အောင်
ကြောင်ပေါ့။

သခင်အတွက် လက်သည်းဝှက်ထားတဲ့ကြောင်က
ကြွက်ကလေးကိုကစားတော့ လက်သည်းထွက်လာတယ်
ငါးကြော်စားပြီး နွားနို့သောက်ချိန်ဝှက်ထားတဲ့လက်သည်းက
ငှက်ကလေးကိုလှမ်းခုတ်ချိန်ကျ ဆန့်ထွက်လာတယ်
ဒါ သွေးရိုးသားရိုးကြောင်ပုံတော့ မဟုတ်နိုင်။

ကြိုက်သလိုကြောင်တာရတယ်ပြောတော့
ကြောင်ကြာကြာ ရေမငုပ်နိုင်ဘူးလို့ ဆင်ခြေပေးတယ်
အေး ကြောင်ကျ မကျနိုင်တာ မင်းဒုက္ခနဲ့မင်းပဲ
မသေမချင်းသာ ကြောင်နေပေတော့ ကြောင်။

မင်းကြောင်နိုင်သ၍တော့ ဆက်ကြောင်
ဒါပေမယ့် ငါ့အဖို့ မင်းဟာ ကြောင်မရတဲ့ကြောင်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar