ကိုအောင်မှိုင်း - ၉၅ နှစ်မြောက် ချေတမ်းချင်း
ကိုအောင်မှိုင်း - ၉၅ နှစ်မြောက် ချေတမ်းချင်း
(မိုးမခ) ဇွန် ၁၄ ၊ ၂၀၂၃
ချေလိုတွေးပြီး
ချေလိုရေးတဲ့
သမိုင်းဝင်တွေ
ဒို့နိုင်ငံမှာ ကနေ့ရှိနေပြီ။
ဆေးထိုးအပ်နဲ့
AK 47 ဆိုတာ
ချေ တို့ချခဲ့တဲ့ လမ်းစဥ်ပေါ့။
မတရားမှုတွေက
ဥပဒေဖြစ်လာရင်
တော်လှန်ရေးက တာဝန်ဖြစ်လာတယ်။
ဒူးထောက်အညံ့ခံရင်း
ရှင်သန်ရမယ့်အစား
ရင်ကော့ ခေါင်းမော့ ရပ်ပြီး
အသေခံသွားမယ်ဆိုတဲ့ သူ့တရား။
နွေဦးတော်လှန်ရေးမှာ
ချေများစွာဟာ
လူထုနဲ့အတူ
လူထုကိုကူဘို့
လူထုဆီကို သူတို့ခရီးနှင်။
ဟိုနှစ်က
ကျဆုံးခဲ့တဲ့ ဆရာဝန်ကြီး
သူလည်း ချေလို ကြယ်နီကြီးပေါ့။
ဆန္ဒပြပွဲကြား
ကျဆုံးသွားတဲ့ ဆရာဝန်လေး
သူလည်း ချေလို ကြယ်နီကြီးပါပဲ။
တမလွန်က
ကြယ်နီကြီးချေဟာ
ကြယ်နီတွေတွက် ဂုဏ်ပြုနေတယ်။
အောင်ပွဲဆိုတာ
တိုက်ရဲသူတွေမှာသာ
ရှိတယ်ဆိုတာ အမှန်တရားပါ။
မိုးကောင်းကင်မှာ
ကြယ်ပေါင်းများစွာဟာ
ထာဝရရပ်တည် ချေနဲ့အတူပေါ့။
နွေဦးတော်လှန်ရေးဟာ
တန်ဖိုးတွေ သိပ်ကြီးတယ်
စွန့်လွှတ်မှုတွေ သိပ်ကြီးတယ်
အနစ်နာခံမှုတွေ သိပ်ကြီးတယ်
ပေးဆပ်မှုတွေ သိပ်ကြီးတယ်
ဒါကြောင့်
နွေဦးအောင်ပွဲဟာ
သိပ်ကိုကြီးကျယ်ခမ်းနားလိမ့်မယ်။
ကိုအောင်မှိုင်း
ချေဂွေဗာရား ( ၁၄.၆.၁၉၂၈ ) ရဲ့ ၉၅ နှစ်မြောက်မွေးနေ့သို့
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar