Breaking News

အဟားဇယား - ပန်းကြောက်လှိုင်အငြိမ့်

အဟားဇယား - ပန်းကြောက်လှိုင်အငြိမ့်

(မိုးမခ) ဇွန် ၂၅ ၊ ၂၀၂၃


(ဟား) ငါ ငါ မင်းသားခေါ်မယ်ဟေ့

(ဟား) မင်းသမီး ခေါ်ဒယ်ဘဲ ကြားဖူးပါဒယ်ကွာ

(ဟား) ဟိုကောင်က သူ အတင်းမယားဒယားကချင်တာနဲ့ မင်းသမီးကို ဖမ်းပြီး ချိပ်ကြီးဝတ်လာဒါကွ

(ဟား) အော် သလိုလား 

(ဟား) အေး အဲသာကြောင့် မင်းသား ခေါ်မယ်ပြောဒါ

(ဟား)၂ ငါ့သား ခေါ်လို့မရဘူးလား 

(ဟား) အေးလေ မင်းသား ခေါ်ဒါဘဲ 

(ဟား) အော် ဟုတ်သား၊ မင်းသားဆိုဒါ ငါ့သားဂိုး

(ဟား) အာ့ဆို ခေါ်ကွာ

(ဟား)

“ဘဝင်ကမိုး

အမြင်ကဆိုး

ဟဲ့

ပလ္လင်သခိုး 

ကြင်စိုး”

(ဟား) ဟာ မင်းဟာက ရာဇဝတ်သားခေါ်တာ ကျနေတာပဲ၊ ဆောင့်ကြီးအောင့်ကြီးနဲ့။ ဒါက ရာဇဝံသကွ၊ မင်းမျိုးမင်းနွယ်။ ရာဇဝတ်သားမဟုတ်ဖူး၊ ရာဇဝံသ။

(ဟား) အောင်မာ သူဂ မင်းမျိုးမင်းနွယ်မှန်း မင်းက ဘယ်လိုသိ

(ဟား) ညံ့ချက်တော့ကွာ၊ နာမည်မှာကိုက မင်းပါတယ်လေ၊ အဲဒါ မင်းမျိုးမို့လို့ပေါ့ကွ

(ဟား) အေး ဟုတ်သား၊ မင်းခွေးတို့အနွယ်ပေကဘဲ။

ဟိုကောင် ခေါ်တာ မမိုက်ပါပု၊ မင်းခွေးမျိုး သိက္ခာကျတယ်၊ ငါ မျိုးရိုးဂုဏ်ဖော် ခေါ်ပြမယ်

(ဟား) ကဲ ခေါ်

(ဟား)

“အရေးအမှုဆို

သွေးမတုပါနဲ့

ခွေးပုဆိုတဲ့မင်းအောင်နက်လေးရေ”

(ဟား) ဟာ မင်းခေါ်မှပိုဆိုး

ကောင်းကောင်းမွန်မွန်လေး လုပ်ပါဟ

(ဟား) အကောင်းမှမရှိတာ၊ အမွန်ဆိုဝေးရော

မင်းသားနဲ့ တန်ရာတန်ရာလုပ်ရတာဘဲ 

(ဟား) အော် ငါ့သား ငါ့သား 

(ဟား) ဟေ့ကောင် မင်းသားပြောတာ 

(ဟား)၂ အေးလကွာ၊ မင်းသားဆိုတာ ငါ့သားဘဲပေါ့

ကဲ ကဲ သူ့ဂုဏ်ဒြဗ်တွေနဲ့ကိုက်အောင် ငါ မင်းသားလေးကို ကောင်းကောင်းလေးခေါ်ပြမယ်၊ နားဆင်ဂျ

(ဟား)၅ မသာရာဇာ ခွါနာမျိုးပေမို့

လဘာဂျာ ဗာလာငဆိုးပါကွဲ့

အိုဘဲ့ ပလာတာသူခိုးဆိုတဲ့ရာဇဝံသလေးရေ

(ဟား) အဟုတ်မှတ်လို့ နားထောင်နေတာ၊ တယောက်မှ မစွန်ဘူး၊ ဖယ်ဖယ် ငါခေါ်မယ်

အကြမ်းအခြောက်စတိုင်တွေနဲ့

ဂန်းမြှောက်ကိုင်နေတဲ့

ပန်းကြောက်လှိုင်ဆိုတဲ့ မတာလေးရေ

(မတာလေး) ကျနော့ဂို ခေါ် ဒါ လား ဗျာ၊ အဲ ခညာ၊ လဘာပီ လဘာပီ၊ ဘောမရှင်ဒို့ မျှော်နေဂျဘီဂိုး

ပြူဒေ အနူဒေ ငဒူဒေဂကွယ် တားတားလေးဂို အားပေးဂျဘာဒယ်

(ကားလိပ်ပြုတ်ကျ၊ တခန်းရပ်)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar