Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အမှောင်ခြမ်းချိုးဖျက်ဖို့ အောင်ဆန်းမျိုးဆက်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အမှောင်ခြမ်းချိုးဖျက်ဖို့ အောင်ဆန်းမျိုးဆက်

(မိုးမခ) ဇွန် ၂၆ ၊ ၂၀၂၃


ကျူးကျော်စစ်တိုက်ဖို့ တနိုင်ငံလုံးတင်မက ပြည်ပရောက် မြန်မာပြည်ဖွားတွေပါမကျန် အရွယ်သုံးပါးစလုံး စစ်မှုထမ်းခိုင်းလိုက်တာကတော့ မအလ ပဲ။

ကျူးကျော်စစ် ဆိုတာက စစ်ဘီလူးတွေ စီးပွားရေးမှာ ကျူးကျော်လာတာ။ စစ်ရူးတွေ အုပ်ချုပ်ရေးမှာ ကျူးကျော်လာတာ။ စစ်ကျူးတွေ နိုင်ငံရေးမှာ ကျူးကျော်လာတာကို ပြောတာ။ 

စစ်မိစ္ဆာတွေ အဘိဇ္စျာပွားပြီး ခေတ်အဆက်ဆက် တတိုင်းပြည်လုံး မီးလောင်တိုက်သွင်းနေတာတွေ ပျောက်ကွယ် မျိုးတုံးသွားဖို့။ စစ်မိစ္ဆာတွေ ဣဿာဝင်ပြီး ငြိမ်းချမ်းရေးကိစ္စတွေမှာ ဖျက်လိုဖျက်ဆီး လုပ်နေတာတွေ မရှိတော့ဖို့။ 

ပြည်သူကို ပစ်သတ်တဲ့ စစ်တပ်ဆိုတာ ဒီမြေပြင်ပေါ်မှာကို မရှိတော့ဖို့။

အဘိုး အဘွားတွေပါ စစ်မှုထမ်းတာနော်။ သူတို့ ကလစ်အား တရားနာအား မနည်းဘူးပဲ။ သူတို့တရားနာနာနာလေ ထောက်ပို့အတွက် ပိုက်ပိုက်ရလေ။ သားသားမီးမီးတို့လည်း ကလစ်။ ရှပ်ကီဘဲတွေလည်း ကလစ်။ ဘောသမားတွေလည်း သူတို့ ဘောကြည့်လေ ထောက်ပို့ထောလေ။ ခေတ်က it ခေတ်။ ကလစ်တာနဲ့ ငွေရ။ ကြည့်တာနဲ့ ငွေရ။ ပွတ်တာနဲ့ ငွေရ။ အဲသမှာ မအလ ဖင်ယားမိတာ မှားပြီ ဖြစ်တာပဲ။

မှားတာမှ ခိုးသားငါးရာနဲ့ကို မှားတာ။ စစ်တပ်ရဲ့ ညစ်ပတ်ခွင့်ကုန်ဆုံး စစ်မင်းသုံးဆက် ဘုံးထားသမျှ တိုင်းပြည်ကို ပြန်ပေးရတော့မယ်။ မျိုစို့ထားသမျှ အန်ချရတော့မယ့် အရိပ်အခြည် မြင်လာတော့ ဘောင်းဘီကျွတ်တွေလည်း သွားမဖြဲနိုင်တော့။ ပိုင်ဆိုင်တာတွေ များလွန်းလို့ ဘယ်ရွှေ့လို့ ဘယ်ပြောင်း ဘာရောင်းရမှန်း မသိတွေက ဒုနဲ့ဒေး။ မအေပေး မအလချည်းပဲ ထိုင်ဆဲနေကြပြီလေ။ သားစဥ်မြေးဆက် အေးဆေးလို့ တွက်ထားတာ ခါးပြီလေ။ ခုက တပ်နံ့ရတာနဲ့ကို သတ်ကြတော့မယ့်သူချည်း။ ခိုးထား လုထား ညစ်ထားတဲ့ စည်းစိမ်တင်မက သတ်ထားတဲ့ အသက်တွေပါ ပြန်ပေးရတော့မယ့်ကိန်း ဆိုက်လာပြီလေ။

သိတယ်မဟုတ်လား၊ ခွေးရူးတကောင် ဝင်လာပြီဆို ခွေးကောင်းတွေလဲ ရှောင်ရတယ်။ ဟိုကောင်က မဲမဲမြင်ရာ ထိုးကိုက်တော့တာ။ သွားကိုက်မိရင် ကိုယ်ပါ အချောင်ရူးမှာ ခွေးတိုင်းသိ။ အဲ ခွေးအိုကြီးတိုင်း သိလို့ ပြောရမယ်။ ခွေးရူးနဲ့ ခွေးကောင်း ယှဉ်မကိုက်ဘူး ဆိုတဲ့ စကားပုံတောင် လူတွေအတွက် ပေးထားသေးတာ။ ချေးစားတဲ့ ခွေးချင်းတောင် ရှောင်သေးတာ။ လူကတော့ မပြောနဲ့။ လူတွေကတော့ ခွေးရူးဟာ မသေမချင်း ဒုက္ခပေးတော့မှာ ဆိုတာ သိတော့ သတ်ဖို့ လုပ်ရတာဘဲ။ ခွေးရူးဆိုတာက ကုလို့လဲမရ၊ သေမှ အရူးဇာတ်သိမ်းတာမျိုး၊ မသေမချင်း ဒုက္ခပေးတာမျိုးကိုး။  ခပ်ထောင်ထောင် ခွေးငမိုက်သား တကောင်တလေက သွားကိုက်တတ်တော့ အဲဒီကောင်ပါ ရှင်းပစ်ရတာ။ မကြာခင် သူလည်း ရူးတော့မှာလေ။

ခွေးဇာတ်ခင်းတော့ ခွေးတပ် ဖြစ်သွားတာသာ ကြည့်။ ဗမာ့လွတ်လပ်ရေးအတွက် ထူထောင်ခဲ့တဲ့တပ်မတော်အတွက် ဘယ်လိုမှကို ဖျက်မရတော့တဲ့ နာမည်လေ၊ ခွေးတပ်တဲ့။ တပ်မတော်သာ အမိ တပ်မတော်သာ အဖကနေ ခွေးသန္ဓေ စခဲ့။ ခု မအလ လုပ်လိုက်တော့ ခွေးသေဘဝ ရောက်ကရော။ ခွေးမျိုးတုံးကိန်း ဆိုက်လာပုံက ကာချုပ်ရဲ့ နာမည်ကိုက မအလ မဟုတ်လား။ မအလ ဆိုတာ ဘာလဲ ဆိုတာ ဗမာတိုင်း သိ။ အဲ့ကောင်ကို ကာချုပ် ခန့်မိတာကိုက သန်းရွှေကို ဆရာကြီးပါ ဆိုခဲ့သူ မှန်သမျှ ဘောမျိုနေရပြီလေ။ ဟမရ ဟစ်မရ ဘဝတွေ ရောက်ကုန်ပေါ့။ အမှန်က သန်းရွှေဟာ သူသတ်ထား ဖြတ်ထား ယုတ်ထား ပုတ်ထားသမျှတွေ များလွန်းတော့ သူ့ထက် ရက်စက်မယ့်ကောင် တမင်ရှာခန့်ထားတာပါပဲ။ ဒါပေမဲ့ အကုသိုလ်သိပ်ကြီးလွန်းရင်လဲ လုပ်သမျှ ဒုက္ခရောက်ဖို့ဖြစ်တတ်တာပဲ မဟုတ်လား။ အကုသိုလ်ကျော့ကွင်း မိတာလေ။ နေဝင်းက စလာတဲ့ ယုတ်ကန်းမှုမျိုးစုံ အကုန်ပြုံပြီး တပေါင်းတည်းလာ မကောင်းကျိုး စုခံချိန် ရောက်လာတာ။ အဲဒီမကောင်းမှုယမ်းပုံကြီးပေါ်  မီးပွားချလိုက်တာကတော့ မင်းအောင်လှိုင်ပေါ့။ ဘယ်ကောင်မှ မလွတ်၊ ငှက်တောင်ကျွတ်ဘဝ ဆိုက်ကြရပြီ။ 

အောင်ဆန်းသွေး တရစပ် စီးဆင်းလာတာကို မေ့နေကြတာကိုး။ အောင်ဆန်းသွေးတွေက တိုင်းပြည်အတွက် သက်သက်ပဲ။ တခြား ဘာအတွက်မှ မဟုတ်။ ဒေါ်စုရဲ့ နိုင်ငံသားမစွန့်မှုကို နေဝင်း ကတည်းက နည်းမျိုးစုံ တိုက်ဖျက်လာတာ။ စစ်ဗိုလ်အဆက်ဆက် ဖျက်မရခဲ့တာ ဒေါ်စုရဲ့ နိုင်ငံသားဖြစ်မှု။ လိုအပ်လာချိန်မှာ ကမ္ဘာလှည့်နေရာကနေ ကိုယ့်နိုင်ငံကို ပြန်ရောက်လာသလိုမျိုး ရောက်ချလာတာလေ။ တပ်ဟာ အဲဒီကတည်းက သေပန်း စပွင့်ခဲ့တာ။ တကယ်တော့ အောင်ဆန်းမျိုးဆက်ဆိုတာ အမှောင်ခြမ်း ချိုးဖျက်ဖို့သာ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar