Breaking News

နေသွင်နိုင်း - နိုင်ငံတော်အကျဉ်းချုပ်

နိုင်ငံတော်အကျဉ်းချုပ်
နေသွင်နိုင်း
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၃

လွယ်အိတ်၊ ခဲတဲ၊ ပေတံ၊ မိုးကာ၊ ထီး၊ ဗလာစာအုပ်၊
က၊ ခ၊ ဂ၊ ဃ၊ င
သင်ရိုးသစ်၊ အတန်းသစ်၊ သူငယ်ချင်းသစ်
စိုက်ခင်း၊ နိုင်ငံတော်အလံ၊ ကျောင်းတက်ခေါင်းလောင်းသံ
မုန့်ဈေးတန်း၊ ဘောလုံးကွင်း၊
ABCDEFG
ရောင်စုံခဲတံများ၊ စည်းနဲ့ဝါး
ရေဆေး၊ ဆီဆေး၊ စည်းနဲ့ ဝါး၊ အ_အမေ တို့တိုင်းပြည်
မမ ဝဝ ထထ က
စပါးရွှေဝါဝင်းပါစေ
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
Twinkle Twinkle Little Star
ဌာန်၊ ကရိုဏ်း၊ ပုပ္ပားနတ်တောင် အခေါင်မြင့်ဖျား
သုစိပုဘာ ဝိလိသိဓာ
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုရင်း
နေမြဲ
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ
ကမ္ဘာတခြမ်းက ကံများ
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး
ပညာရေး ဝေးသည် မရှိ
ငှက်သွင်ပျံကြွ မတတ်သော။

သေခြင်း၊ စစ်၊ ပြေးလမ်း
မျက်ရည်၊ သွေး
ငှက်ပျောအူ၊ မိုးကာတဲ
သေနတ်၊ ဗုံး၊ ပုံးကျင်း
ယမ်းနံ့မီးခိုးများ၊ အရိုးစုများ
ကျွဲသေနွားသေများ
လေယာဉ်ပျံများ
ဆင်တဖက်ကျွဲတဖက်
ခြေတဖက်
လက်တဖက်
မီးနှင့်ဖုတ်ဖုတ်ကျေးလက်
မသေထမင်း မသေဟင်း၊ သစ်ဥသစ်ဖု
ကျဆုံးလေပြီးသော နွေဦးကြယ်များကို အလေးပြုရင်း
ကမ္ဘာမကြေဘူး
ကမ္ဘာတဖက်ကတ္တားများ
ပညာရေး။
ဝေးသည်။
မရှိ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar