Breaking News

မိုးခါး - လရောင်သေဆုံးခြင်း


လရောင်သေဆုံးခြင်း
မိုးခါး
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၃

မစိုက်တဲ့ပန်းတွေ ပွင့်လာတာမြင်ရ
ခြေထောက်တွေမှာတံဆိပ်ပါဖို့ ဦးခေါင်းကိုအခြားတဖက်ရွှေ့ထားခဲ့ပုံ
ဝေးဝေးကြီးတွေးခေါ်စရာမဟုတ်လည်းငေးငေးပြီးတွေးနေကြ
အလွမ်းကို ခါချပစ်ဖို့ကြ ဂုဏ်သရေတွေအချိုးကျထည့်ဝင်လို့
အိပ်မက်တွေသေဆုံးကြောင်းထုတ်မပြခဲ့
အချစ်ကြီးကြတယ်
သစ္စာတည်ကြတယ်
တရားမြဲကြတယ်
စကားပွင့်တွေအလှစီထားတဲ့ရာသီကလိုက်ဖက်စွာ
လရောင်မရှိတဲ့အမှောင်မှာ
မစိုက်တဲ့ပန်းတွေ ပွင့်လာတာမြင်ရ၊၊        ၊၊

23.5.2023
_
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar