Breaking News

ငဇ - ဓား

ဓား
ငဇ
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၃

ဓားတချောင်းလောက် ရှိရင်
သိပ်ကောင်းမှာပဲလို့
သံချောင်းက အကြိမ်ကြိမ်ပြောခဲ့တယ်

ဓားရဲ့ နယ်နိမိတ်ဟာ ကျယ်ဝန်းတယ်
ဓားမှာ အသွေးအသားနဲ့
ဓားမှာ ဆင်ခြင်ဉာဏ်နဲ့

သေနတ်ခေတ်မှာ ဓားဖြစ်ရတာ နာတယ်
ဓားသိတယ်

ဓားဟာ နှလုံးသားကို မလွန်ဆန်နိုင်ဘူး
ဓားရဲ့အဘိမ္မာက ချစ်စိတ်ပဲ

မတရားခေတ်မှာ ဓားဖြစ်ရတာ ဆာတယ်
ရန်သူ့သွေးကို ဆာတယ်

ဆာနေတဲ့ဓားကို
အညှာခြွေတဲ့ တရားနဲ့ မာယာမလုပ်နဲ့။

၇၊ ဧပြီ၊ ၂၀၂၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar