နိုင်မွန်အောင်သွင် - သေစာရှင်စာ
နိုင်မွန်အောင်သွင်
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၃
သေမင်းကမြားကိုဆွဲနှုတ်ပြီးပြီးချင်း
သက်ပြင်းကိုချတယ်
ငါတကယ် လူမှားသွားပြန်ပြီတဲ့။
ပန်းတွေဖူးပွင့်ဖို့
ကျည်ဆန်တွေမိုးပြိုတာ
ဘယ်နှရာသီထိ အောင့်နမ်းနေရဦးမှာလဲ။
စောင့်နေတဲ့ရထားက
ဓားခုတ်ရာကိုစလွယ်သိုင်းပြီး
ဟက်တက်ကြီးဥဩဆွဲလာပေါ့။
နေမသာတဲ့ကြိုးတန်းမှာ
အသက်ဓာတ်လေးကို တငွေ့ငွေ့လှန်းထားရတယ်။
၂၃.၆.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar