Breaking News

ဝင်းမြင့် - အကွေ့

အကွေ့
ဝင်းမြင့်
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၃

ဒီနေ့ ဘာနေ့လဲ မေးတော့
အိပ်မပျော်တဲ့ နေ့လို့ ဖြေတယ်။

ဒါနဲ့များ 
အခန်းကို အရောင် ပြောင်းထားပြီး
ခန်းဆီးကို အသစ်လဲထားမယ် ။

သံလမ်းပေါ်ဝင်လာတဲ့
တွားသွားရထားတစီးလို တိမ်တွေက
ဘယ်ဘူတာမှ မရပ်ဘူး ။

အိပ်မက်က ခြေသံမပေးတော့
ချွဲဟတ်သံက မြို့ပေါ် လမ်းလျှောက်နေတယ် ။

နာရီက မြန်နေတော့
ချိန်းဆိုမှုက နောက်ကျတယ်။

ဖိနပ်က လမ်းမရှိတော့
လမ်းက ခြေထောက်တွေ ရှိရာနောက်လိုက်ရတယ် ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar