အဟားဇယား - အဘမွေးနေ့ ဒို့မတွေ့
အဟားဇယား - အဘမွေးနေ့ ဒို့မတွေ့
(မိုးမခ) ဇွန် ၂၀ ၊ ၂၀၂၃
အဘမွေးနေ့ ဘယ်လို ကျင်းပကြမယ်ဆိုပြီး ဟိုဘက်ရပ်ကွက်မှာ စာထောင် အာဖောင်နေကြ။
ဘောကြိုက်ခင်ဒို့အဖွဲ့ဂ ဘောကို ဘယ့်နှယ်မမယ်၊ ဒိနှယ့်မမယ်ဆိုပီး ယိမ်းတိုက်သူတိုက်၊ ဘောလယ်ဆိုမယ့်သူတေကလဲ ဆိုကြမယ်ပျော်ကြမယ်လုပ်ကြ။
ပြူဒေကလဲ ဘောပွတ်ပွဲ၊ ဘောဟပ်ပွဲ၊ ဘောငုံပွဲအပြင် ဘောထုံကူးပွဲတောင်ထည့်မယ်ဆိုဘဲ။
ဗိုလ်ချုပ်ဗိုလ်ပြုတ်ဒေဂဒေါ့ ဘောကန်ပွဲ၊ ဘောလုပွဲ၊ ဘောပုတ်ပွဲ လုပ်ကြမဒဲ့။
အမယ် မဘသကိုယ်ဒေါ် မယ်သီလော်ဒေကတောင် မြို့ပတ်ပီး ဘောမေတ္တာပို့ ရွတ်ကြမယ်ဆိုကဘဲ။
ဘောစုံညီပွဲတော် ခေါ်ကြမယ်ပေါ့လေ။
အစုလိုက်အပြုံလိုက်ဒေရော တသီးပုဂ္ဂလဒေရော သောသောထ ဘောဘောအက
လေ့ကျင့်ကြ၊ ရွှေဘောဆုကိုယ်စီမှန်းလို့ ရီဟာဇယ်ဒေလုပ်ကြနဲ့ အသင့်ဖြစ်သလောက်ရှိချိန်မှာ ကဲ အဘမွေးနေ့က ဘယ်နေ့လဲဆိုတော့ အု အဲ အင့် အား အီး အွတ်တွေ ဖစ်ကုန်ကြရော။
ပြသနာက အယ်ဘမွေးနေ့။ အယ်ဘမွေးနေ့က ပြသနာ။
ဘူမှ သိကြဘူးတဲ့လေ။
တပ်ရင်းမှူးမေးလဲ အင်၊ ဗျူဟာမှူးမေးလဲ အဲ၊ တပ်နယ်မှူးကလဲ မသိ၊ ဒေသကွပ်ကဲရေးမှူးကလဲ နိုး၊ တိုင်းမှူးကလဲ ခေါင်းကုတ်၊ ဗိုလ်ချုပ်ဟောင်းဒေမေးတော့လဲ ဖင်ကုတ်။ ဒါနဲ့ နောက်ဆုံး သိလိုရာမေး ဘောအရေးဝန်ဇော်မဲလုံးဆီ ချီတက်ကြတာပေါ့၊ အဲ့ငနာကလဲ သူ့ရဲ့ ခွေးအလှည်းနင်းတဲ့ထုံးစံအတိုင်း အာ့ကျကျ အာ့ကျကျချည်းဘဲလုပ်နေ။ မွေးနေ့ထားလို့ အဖေတောင် သောင်းလှိုင်လိုလို၊ ခင်လှိုင်လိုလို။ ဘယ်သူနဲ့မွေးမှန်းတိတိကျကျမဖြေနိုင်။
အာ့ဆို ဘိုလုပ်ကြမလဲ၊ အဖြေဂ အယ်ဘဆီမှာ။ အယ်ဘမေးမှသိတော့မယ်ဆိုတော့ ကြောင်ကိုဘယ်သူ ခြူဆွဲမလဲဆိုတဲ့ ကြွက်ပြသနာလို ဒိုဗာမင်း ဘယ်သူ လည်ပတ်ပတ်ပေးမလဲဖြစ်ပီယေ။ ဘူမှ ပတ်ရဲဘူး။ သွားမေးသူ သူ့မေးနေ့မသိရဂေါင်းလားဆိုပီး အစွယ်ဖွေးဖွေးနက် ရှယ်ကျွေးမှာ။
အယ်ဘ ပျော်နေရှာတာ။ သူ့မှာ နေ့မအိပ်ရ ညမအိပ်ရ၊ ထိတ်နေရဒဲ့ဘဝမှာ မပျော်သာတာ ကြာပလေ။ အောက်က ဖွင့်ခံရမလား၊ ဘေးက ပင့်ခံရမလားနက် အစားအသောက်တောင် ပျက်နေတာ။ သူ့မွေးနေ့အထိမ်းအမှတ် ဘောစုံညီပွဲတော်လုပ်မယ်ဆိုဒါသိဒေါ့ ပျော်တာပေါ့ကြူရယ်လုပ်နေဒါ။ သူအစည်းအဝေးခေါ်ရင်တောင် ဘောစုံညီပွဲတော်အတွက်လုပ်နေကြလို့ဆိုဒေါ့ လူမစုံ ဒါကို မသိကြိုးစင်လုပ်နေရတာလေ။
တဂယ်ဒေါ့ သူကလဲ ဘယ်နေ့လုပ်ကြမလဲဆိုဒါ စိတ်ဝင်စားနေဒါ။ သူမွေးနေ့ကို သူချပြမှ သိရမယ်ဆို စောက်ရမ်းဂွမ်းဘီ။ သူတို့ဘာသာတရက်ရက်ရမ်းလိုက်လာရင် ပီးဒဲ့ဟာဂို မလုပ်ဘဲ ဟိုမေးဒီမေးလုပ်ကြရာဂ အဘမွေးနေ့မသိဒဲ့ကိစ္စဂျီးက ခေတ်သစ်ဆီရောက်သွားထာ။ ဖရဲသီးကို မလိုပါပေါ့။
အဲမှာ စစ်ဗိုလ်ချုပ် စစ်ဗိုလ်ပြုတ်တေတင်မက မဘသရော ပျူရောပါ ဘောလယ် မောဒယ်ဖြစ်ကြဘီ။ ဘောကိစ္စအဝဝ သဲထဲသေးပေါက်။ နိုင်ငံပွက်အန် ဘောအားမန်ဆိုပီး ဘတ်ဂျက်ဒေဂအများဂျီးသုံးထားကြဒါဂိုး။
“မွေးနေ့မလုပ် ဒို့ဘချုပ်” ဆိုပီး အတည်ပေါက်ရွှီးကာ ဖိတ်ဒေါက်လုပ်ကြသဒဲ့။ ပီးဒေါ့ သူဒို့အချင်းချင်း ဘောမခဲ့သလိုလို ဖွခဲ့သလိုလိုလုပ်ရင်း “မင်းဒို့အယ်ဘဂ စစ်တော့စစ်၊ မိမစစ် ဖမစစ်” တို့၊ “သေတနေ့နေ့ မွေးတနေ့နေ့” တို့ ပြောဆိုပီးကျိတ်ဟားကြသဒဲ့။ အဲဒါ အယ်ဘနားရောက်တော့ လင်မယားနှစ်ယောက် ဖင်ကို ဘာနဲ့စောင့်လို့စောင့်ရမှန်းမသိဖြစ်ကနေသဒဲ့။
ခုတော့ ဘောရပ်မှာ ပြောစမှတ်ဖြစ်နေဒဲ့စကားဂ “အဘမွေးနေ့ ဒို့မတွေ့” ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar