ဝါကျဖြူ - ပျော်ဝင်ခြင်း
ပျော်ဝင်ခြင်း
ဝါကျဖြူ
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၃
ကန္တာရဟာ ညနေစောင်းကျနေထဲပျော်ဝင်လို့ ။
အထီးကျန်ခန္ဓာကိုယ်ထဲကလှေလေးတွေ ငြိမ်ဆိတ် ။
ကျောက်တောင်တွေထဲကပင်လယ်တွေ
သေဆုံးနေတဲ့တစပြင်ထဲကတိမ်တွေ ငိုသံစွက်လို့ ။
သုညတထဲမှာ နောက်ကျိနေတဲ့ မိုးပျံပူပေါင်းတွေ ။
ညအိပ်ရာဝင်တိုင်း သံဝေဂပေါ်ကိုက်ချီနေတဲ့ကြွက်တွေ ။
2/5/23
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar