K မိုး - မိုခါ
K မိုး - မိုခါ
(မိုးမခ) ဇွန် ၂၉ ၊ ၂၀၂၃
ပန်းဒဏ္ဍာရီနဲ့ ပုံပြင်တွေထက်
အိပ်မက်ဆိုးရဲ့ ပြေးလွှားသံတွေ
ရင်ဆိုင်ခဲ့ရတယ် မိုခါ.…..။
ငိုသံတွေ ကြေကွဲခြင်းတွေ
အုံနဲ့ကျင်းနဲ့ ခံစားခဲ့ရတာ
ဝေဒနာဆိုးတွေ ခါးစည်းခံခဲ့ရပြီ မိုခါ....။
ဘဝတွေ
အရှင်လတ်လတ် ငရဲကျသလို
အဓမ္မကို စွဲကိုင်ရမ်းကား
ဘဝပေါင်းများစွာရဲ့ အနာဂတ်
အိုးမဲ့....အိမ်မဲ့...
........မဲ့
........မဲ့
ကယ်တင်ခွင့်မရခဲ့ဘူး
ရက်စက်တယ် မိုခါ....။
အမည်နာမ လှသလောက်
အနာဂတ်တွေ ပျောက်ခဲ့ပြီ
အံ့ဩကြေကွဲခြင်းတွေ ရင်နဲ့အမျှပါ မိုခါ...။
သောကတွေ
ကြေကွဲမှုနဲ့
ဒဏ်ရာဗရပွတွေ ပေးခဲ့တာ
အရာအားလုံးကို
ခံပြင်းနာကြည်းစွာ အံ့ကြိတ်လို့
တိတ်တဆိတ် မျက်ရည်ကျမိတယ်
မိုခါ.....မင်းကြောင့်........။
K မိုး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar