Breaking News

စိုးရိမ် - ကမ္ဘာသို့ပေးစာ ၂

ကမ္ဘာသို့ပေးစာ ၂
စိုးရိမ်
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၃

တိမ်တွေလိုလေနှင်ရာနောက်လိုက်ဖို့မဟုတ်ဘူး
ရေထဲကိုခဲပစ်ချနေတာမဟုတ်ဘူး
ပလိုင်းပေါက်နဲ့ ဖားလိုက်ကောက်နေတာမဟုတ်ဘူး
ကိုယ့်အနာဂတ်ကိုကိုယ်ပိုင်ဖို့
လူအဖြစ်ကိုပီသဖို့
အမှိုက်တွေကိုရှင်းနေတာ
လူ့အခွင့်အရေးကိုတန်ဖိုးထားရင်
မတရားမှုကိုရွံတတ်ရင်
တပါးသူအပေါ်လောင်းရိပ်မမိုးမိစေနဲ့...။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar