Breaking News

မ သ ခ - အဝီစိအမြန်

အဝီစိအမြန်
မ သ ခ
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၃

ဒေဝဒတ်သင်ရိုးက
ရိုးရိုးကလေးရယ်။

အရှင်ဘုရားက
သခင်ကျွန်ုပ်
ဘုရင်တစ်ပါးက
သင်လုပ် တဲ့။

ဒီလိုနဲ့
ရာဇဂြိုလ်ရဲ့
ချာလပတ်ယန္တရားမှာ
အဇာတသတ် လမ်းမှားခဲ့ပါပေါ့။

သင်္ဂါယနာကို
အပြန်တစ်ရာတင်လည်း
ငရဲသို့ဆိုမှငရဲပဲ တဲ့။

ဝေဘာရတောင်ယံနားမှာ
ရထားထွက်ရန်ငါးမိနစ်။

အဝီစိအလံနဲ့
ဥဩဆွဲလိုက်တဲ့အသံကြီးဟာ
သံသရာအဆက်ဆက်
နားကွဲထွက်အောင်ညံလို့။

ဖျက်မရတဲ့အမှားတွေနဲ့
အဇာတသတ်
လက်ပြလို့သွားပုံက
သံဆန်ခါပဲတားတယ်ထင်ခဲ့တာ
တကယ်တော့
တစ်သံသရာလုံးခြားတဲ့ခရီးစဉ်။     ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar