ဝါကျဖြူ - သက်ပြင်းဝင်ရိုးများ
သက်ပြင်းဝင်ရိုးများ
ဝါကျဖြူ
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၃
ငါငေးကြည့်နေမိတဲ့တိမ်တွေထဲမှာ
အိပ်ရာဝင်ပုံပြင်တွေဇောက်ထိုးလိမ့်ကျလို့ ။
အရိုးချောင်းတွေအပြိုင်းပြိုင်းထနေတဲ့ပင်လယ်ဟာညနေခင်းနေလုံးကိုထမ်းပိုးလို့ ။
ခေတ်ကြီးတခုလုံးကိုရင်ဘတ်ထဲထည့်ထားတဲ့သစ်ပင်တွေသံသရာစက်ဝိုင်းထဲမှာ
လက်ပြန်ကြိုးတုတ်နှောင်ခံထားရဆဲ ။
ငါငေးကြည့်နေမိတဲ့...
လူဖြစ်တည်မှုထဲကိုပြူတင်ပေါက်ဖွင့်ပြီးဘဝပေါ်ထိုင်ပြီးငေးကြည့်နေမိတဲ့
နာရီစင်ထိပ်ကလေညွှန်တံမှာမျက်ရည်စတွေသီးလို့။
အပွင့်အခက်တွေဝေဆာလို့။
တစ္ဆေသင်္ဘာပေါ်ကအစားအသောက်တွေက
လောက်တွေတဖွားဖွားနဲ့ပေါ့။
19/6/23
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar