Breaking News

စိုးရိမ် - ဆွဲဆန့်ခြင်း

ဆွဲဆန့်ခြင်း
စိုးရိမ်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၃

ဘယ်တတ်နိုင်မှာလဲ
ကိုယ့်ရဲ့လူအဖြစ်ကိုကိုယ်တိုင်ပြန်ငင်နေကြတာ
ကိုယ်တယောက်တည်းမှမဟုတ်ဘဲ
တိရစ္ဆာန်ရုံထဲကတိရစ္ဆာန်တွေ
နေစရာအိမ်ရှိပြီး
လူတွေမှာနေစရာအိမ်မရှိတဲ့နိုင်ငံထဲ
တကိုယ်လုံးနစ်မြုပ်နေပေမယ့်
နှာဖျားလေးပေါ်အောင်ကိုယ်ဖော့ပြီး
ကိုယ့်အသည်းကိုကိုယ်တိုင်မာထားလိုက်တယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar