Breaking News

K မိုး - ခွေးသားရေ ပုရပိုက်ထဲက မှတ်တမ်း


K မိုး - ခွေးသားရေ ပုရပိုက်ထဲက မှတ်တမ်း

(မိုးမခ) ဇူလိုင် ၁၂ ၊ ၂၀၂၃


ဒီလို ခေတ်ဆိုးကြီးမှာ

နှစ်သစ်ဆိုတာ မရှိ

အသွေးအသားအရိုးတွေ

တောင်လိုပုံ

ရင်တွေကွဲ...။


မြို့ပြကြီးတွေမှာ

ဟန်ရေးပြ လမ်းလျှောက်သင်္ကြန်

ဘယ်လိုတွေ ပျော်နိုင်ကြမှာလဲ

ရင်နာ ကြေကွဲ နာကြည်းမှုတွေ

သင်္ကြန်ရေနဲ့ ဆေးလို့မရဘူး....။


ပြစ်မှုကျူးလွန်တာ ဘယ်သူတွေလဲ

U.N အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်

ဘယ်လဲ ဘာလဲ ဘာလုပ်ပေးမှာလဲ

အာစီယံကရော

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီရေ

ဝမ်းနည်းပါတယ်.....

ရှုတ်ချပါတယ် ဆိုရုံနဲ့

ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းများစွာအတွက်

မလုံလောက်ပါဘူး....။


နျူတန်ရဲ့ တတိယနိယာမအရ

သက်ရောက်မှုတစ်ခုအတွက်

တန်ပြန်သက်ရောက်မှု ရှိရမယ်လို့

ကမ္ဘာက လက်ခံထားတဲ့ နိယာမ...။


ကိုင်း - ဒါဆို

တစ်ခုခုကို ပြတ်သားကြရမယ်

တစ်ခုခု လုပ်မှ ဖြစ်မယ်

လုပ်ကို လုပ်ရမယ်

ကျရာ နေရာက...။



          



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar