K မိုး - အန္တိမတိုက်ပွဲရလဒ်
K မိုး - အန္တိမတိုက်ပွဲရလဒ်
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၃
အကောင်ပေါက်ဖို့
ဥခွံကို ဖောက်ထွက်
နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ
အပြုံးများနဲ့ ရှေ့ဆက်လျှောက်မယ်.....။
ဒီနိုင်ငံမှာ
အရွယ်နဲ့မလိုက်အောင်
စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့
လူငယ် လူရွယ်တွေ
တောထလို့နေရဲ့....။
ယုံကြည်ချက်နဲ့
လျှောက်လှမ်းနေတဲ့ ခြေထောက်တွေ ကောင်းနေသမျှ
ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ယုံ
တစ်နေ့နေ့ တစ်ချိန်ချိန်....။
အရေးကြီးတာက
ငါ သေသွားခဲ့ရင်
မြန်မာနိုင်ငံသားပါလို့
ရင်ဘတ်မှာ တက်တူးထိုးပေးလိုက်
ဒါမှ.......
ဘုရားသခင်နဲ့ တွေ့တဲ့အခါ
ငရဲကျပြီးသား လူတစ်ယောက်မှန်း သိအောင်လို့......။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar