Breaking News

ကိုအောင်မှိုင်း - တန်ဖိုးသစ်


ကိုအောင်မှိုင်း - တန်ဖိုးသစ်

(မိုးမခ) ဇူလိုင် ၁၈ ၊ ၂၀၂၃


ငါ့ရှေ့က မြစ်တစ်စင်း

ဂန္ထဝင်ဆန်တယ် 

တန်ဖိုးလည်း ကြီးတယ်။


ငါ့ရှေ့က ပန်းချီကား

အနုပညာမြောက်တယ် 

တန်ဖိုးလည်း ကြီးတယ်။


ငါ့ရှေ့က ပန်းခင်းကြီး

ရောင်သွေးစုံတယ်  

တန်ဖိုးလည်း ကြီးတယ်။


ငါ့ရှေ့က  ရွာပျက်

ငါ့ရှေ့က ဘုရားငုတ်တို

ငါ့ရှေ့က စာသင်ကျောင်းပျက်

ငါ့ရှေ့က မိဘမဲ့ကလေး

ငါ့ရှေ့က ဖိုးအိုဖွားအို

ငါ့ရှေ့က  မျက်ရည်တွေ

ငါတို့   

စစ်တလင်းမှာ   စစ်ခင်းနေကြတယ်။


တန်ဖိုးတွေတွက်

သတ်မှတ်ချက်က

ဥပေက္ခာဆိုရင်တော့

သစ္စာမဲ့မှုတွေတွက်

တန်ဖိုးတွေကို  ရိုက်ချိုးလိုက်ရုံပဲ။


တန်ဖိုးသစ်ဆိုတာ

အစွန်းထွက်တန်ဖိုးကို

ကျော်လွှားခြင်း  မဟုတ်လား။


တန်ဖိုးသစ်ဆိုတာ

တံတားဟောင်းအစား

တံတားသစ်ထိုးခြင်း  မဟုတ်လား။


တန်ဖိုးသစ်ဆိုတာ

နှောင်ကြိုးတွေကို 

ရိုက်ချိုးလိုက်ခြင်း  မဟုတ်လား။


တန်ဖိုးသစ်ဆိုတာ

တာဝန်မဲ့မှုတွေအစား

တာဝန်တွေ ဖန်တီးခြင်း  မဟုတ်လား။


တကယ်က  ငါတို့ရှေ့မှာ

ပြည်တွင်းစစ်မီး  တောက်လောင်နေတယ်။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar