Breaking News

ကျော်မင်းထွန်း (NEW YORK) - လူလိုသူလို

လူလိုသူလို
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၃

လူလိုသူလို လက်ဖက်ရည်ကျိုတယ်
လူလိုသူလို သောက်သုံးခွင့်မရ။

လူလိုသူလို ပီယာနိုတီးတယ်
လူလိုသူလို ဖန်တီးခွင့်မရ။

လူလိုသူလို ပညာတတ်ချင်တယ်
လူလိုသူလို သင်ကြားခွင့်မရ။

လူလိုသူလို ကဗျာရေးချင်တယ်
လူလိုသူလို စာရေးခွင့်မရ။

လူလိုသူလို အိမ်ဆောက်ထားတယ်
လူလိုသူလို အိပ်စက်ခွင့်မရ။

လူလိုသူလို ဘုရားပန်းကပ်ဖို့ပဲ
လူလိုသူလို ပန်းကိုင်ခွင့်မရ၊

ပန်းပန်ခွင့်လည်းမရ။

အသက်ဓာတ် မွန်းကျပ်နေတဲ့
ဘေးကျပ်နံကျပ် ခေတ်ကျပ်ကြီးမှာ
သင်္ကေတကျကျ ပွင့်ပြရတဲ့
အကျဉ်းခန်းထဲကပန်းကိုတောင်
လူလိုသူလို လွမ်းခွင့်မရဘူး။    ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar